တော့တင်ဟမ် ဟော့စပါးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပစ်မှတ် ကစားသမားဖြစ်သူ နိုက်စ် ခံစစ်မှူး တိုဒီဘိုကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ကြားဖြတ် ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။

စပါးအသင်းက နည်းပြသစ် ပိုစတီကိုဂလူးလက်ထက် ဒီနွေရာသီမှာ ဝုလ်ဖ်ဘတ် နောက်ခံလူ ဗန်ဒီဗန်ကို ခေါ်ယူထားခဲ့ပြီး ဗန်ဒီဗန်ကလည်း စပါးအသင်းမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ဒဏ်ရာ ပြသာနာကြောင့် အနားယူနေရပါတယ်။

Photo Credit : Evening Standard

အခုလို ကစားသမားသစ် ဗန်ဒီဗန်က ဒဏ်ရာရနေပြီး သူရဲ့ တွဲဖက် ခံစစ်မှူး ရိုမဲရိုးကလည်း အနီကတ်ထိထားချိန်မှာ စပါးရဲ့ ခံစစ်ပိုင်း အရန်အင်အားက လိုအပ်ချက်တွေ ရှိနေတဲ့အတွက် လာမယ့် ဆောင်းဈေးကွက်မှာ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ချိန်ရွယ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ စပါးအသင်းက နိုက်စ်အသင်းရဲ့ ပြင်သစ် နောက်ခံကစားသမား တိုဒီဘိုကိုပါ စတင် ပစ်မှတ်ထားလာခဲ့ပြီး ဒီကစားသမားကိုလည်း စပါးအသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ယူနိုက်တက်အသင်းကပါ နွေဈေးကွက်ကတည်းက စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : Evening Standard

လက်ရှိ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲထဲ အမှတ်ပေးဇယား ထိပ်နားမှာ ရပ်တည်လို့နေပြီး ရှုံးပွဲမရှိသေးတဲ့ ကလပ်တစ်သင်း အဖြစ်ပါ ရပ်တည်နေတဲ့ နိုက်စ်အသင်းက ဒီလိုအခြေအနေမျိုးမှာ တိုဒီဘိုလို သူတို့အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးကို အလွယ်တကူ လက်လွတ်သွားဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။

ဒါပေမယ့် အသက် (၂၃)နှစ်အရွယ် ခံစစ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)ဝန်းကျင်လောက် အနည်းဆုံး ရရှိသွားမယ်ဆိုရင်တော့ ဒီဆောင်းမှာပဲ လက်လွတ်သွားနိုင်ဖွယ် ရှိနေပါတယ်။