တော့တင်ဟမ် ဟော့စပါးအသင်းဟာ တိုက်စစ်ပိုင်း အားဖြည့်သွားဖို့အတွက် ဘာစီလိုနာအသင်းရဲ့ လာမာစီယာ ကြယ်ပွင့် အန်ဆူ ဖာတီကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့အတွက် ဘာစီလိုနာထံ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စပါး နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဖာတီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေရင်း ဘာစီလိုနာကတော့ ဖာတီကို အငှားလွှတ်ပေးဖို့အတွက် ကစားသမားရဲ့ လစာကို စပါးဘက်က ရာနှုန်းပြည့် ပေးချေပေးဖို့ပါ တောင်းဆိုထားတယ်လို့ သိရပါတယ်။

Photo Credit : Barca Blagranes

ဖာတီဟာ ဘာစီလိုနာအသင်းမှာ ပွဲကစားခွင့်တွေ နည်းပါးနေရတာကြောင့် နွေဈေးကွက်ထဲမှာပဲ အသင်းပြောင်းဖို့ ရှိနေရာ ဖာတီကိုလည်း ချယ်လ်ဆီး နဲ့ စပါးတို့လို လန်ဒန် အခြေစိုက် ပရီးမီးယားလိဂ်အသင်းတွေက အပြိုင် စိတ်ဝင်စားလာကြပါတယ်။

ဖာတီက ဘာစီလိုနာ တိုက်စစ်မှာ လီဝန်ဒေါစကီးနဲ့ အတူ တွဲဖက်ကစားဖို့အတွက် ရာဖင်ဟာ တောရက်စ် ယာမယ် အပ်ဒီတို့နဲ့အတူ နေရာအပြိုင်လုနေရပြီး ဒီကစားသမားတွေရဲ့နောက်ကိုသာ ရောက်နေတာကြောင့် ဖာတီအနေနဲ့ ပွဲကစားခွင့်အတွက် အသင်း အပြောင်းအလဲ လုပ်ဆောင်နေချင်ပါတယ်။

Photo Credit : Twitter

ဘာစီလိုနာအနေနဲ့ကလည်း ဖာတီကို အပြီးသတ် လက်မလွတ်ချင်တာကြောင့် အငှားသာ ချသွားမှာဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို အငှားနဲ့ ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းနေတဲ့ အသင်းနှစ်သင်းထဲမှာ စပါးက ပို အခြေအနေကောင်းလာခဲ့ပါတယ်။

စပါးအသင်းက ဟယ်ရီကိန်းကို ဘိုင်ယန်ဆီ ရောင်းချခဲ့ပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ပြန်လည် အားဖြည့်တင်းခြင်း မရှိသေးတာကြောင့် ဈေးကွက်မပိတ်ခင်မှာပဲ စပိန် တိုက်စစ်မှူးလေး ဖာတီကို အငှားနဲ့ အရ ခေါ်ယူဖွယ် ရှိနေပါတယ်။