ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု အဖြစ် လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

စပါးက ဒီရာသီမှာ ဂိုးမြူးနေပေမယ့် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဆွန်ဟောင်မင် ၊ ရစ်ချာလီဆန် စတဲ့ တိုက်စစ်မှူး ၂ဦးကိုသာ ပိုင်ဆိုင်ထားသလို ဆွန်ဟောင်မင်ကလည်း အာရှဖလားပြိုင်ပွဲဆီ ၁လနီးပါး သွားရောက် ယှဉ်ပြိုင်ဦးမှာပါ။

Photo Credit: Standard

ဒါကြောင့်ပဲ စပါးရဲ့ တာဝန်ရှိသူတွေက ယခု ဆောင်းဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် ၁ဦး ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး စပါးက လိုက်ပ်ဇစ်မှာ နေရာမရတဲ့ တီမိုဝါနာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက်ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးက ဒီနေ့ညနေမှာပဲ တီမိုဝါနာကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီး စပါးရဲ့ တာဝန်ရှိသူတွေက တီမိုဝါနာ အတွက် လိုက်ပ်ဇစ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စလုပ်နေပြီလို့ သိရပါတယ်။

Photo Credit: Goal

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က တီမိုဝါနာကို ခေါ်ယူဖို့ အတွက် ပထမဦးဆုံး စိတ်ဝင်စားခဲ့ပေမယ့် စပါးက ခပ်မြန်မြန် လှုပ်ရှားခဲ့တာကြောင့် အခုလို တီမိုဝါနာနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။

လိုက်ပ်ဇစ်ကတော့ တီမိုဝါနာကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ လက်လွှတ်ချင်နေပြီး စပါးကလည်း တီမိုဝါနာကို အပြီးသတ် ခေါ်ယူဖို့ အထိ ရည်ရွယ်ထားတာကြောင့် နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးကိုသာ အဓိက ညှိနှိုင်းရဖွယ် ရှိနေပါတယ်။