ဆော်ဒီ ထိပ်သီးကလပ် အယ်လ်အီတီဟတ်ဒ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ရတဲ့ စပါးအသင်းရဲ့ တောင်ကိုရီးယား တိုက်စစ် ကစားသမား ဆွန်ဟောင်မင်က သူ့အနေနဲ့ ဆော်ဒီကို သွားရောက် ကစားဖို့ စိတ်မဝင်စားဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

Saudi club to bid $65M for Tottenham's Son Heung-Min - source - ESPN

လက်ရှိ ဆော်ဒီ အမှတ်ပေးလိဂ်ရဲ့ ချန်ပီယံအသင်း အယ်လ်အီတီဟတ်ဒ်ဟာ အခု ဈေးကွက်အတွင်းမှာပဲ ရီးယဲလ်မက်ဒရစ်ရဲ့ ထိပ်သီး ကစားသမားကြီး ကာရန်ဘန်ဇီမာ နဲ့ ချယ်လ်ဆီးအသင်းရဲ့ ပရိသတ် အချစ်တော် ကစားသမား အန်ဂိုလိုကန်တေတို့ကို ခေါ်ယူထားတာဖြစ်ပါတယ်။ ဒီလို အထင်ကရ ခေါ်ယူမှုတွေအပြင် အခုလည်း ဆွန်ဟောင်မင်ကိုပါ ပြောင်းရွှေ့ကြေး ယူရို သန်း(၆၀)နဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Japan Times

အယ်လ်အီတီဟတ်ဒ်က ဆွန်ဟောင်မင်အတွက် တစ်နှစ် လုပ်ခအဖြစ် ယူရို သန်း(၂၀၀)ထိ ပေးချေသွားဖို့ပါ ပြင်ဆင်ထားခဲ့ပေမယ့် ဆွန်ကိုယ်တိုင်ကတော့ ဒီလို မက်မောလောက်စရာ ကမ်းလှမ်းမှုတွေကို စိတ်မဝင်စားပဲ သူရဲ့လက်ရှိကလပ် စပါးအသင်းမှာ ဆက်ရှိသွားမယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။ “ကျွန်တော် ပရီးမီးယားလိဂ်မှာ လုပ်ဆောင်သွားရမှာတွေ အများကြီး ရှိနေပါသေးတယ်။ လက်ရှိအချိန်မှာ ငွေကြေးက ကျွန်တော့်အတွက် အရေးမကြီးဘူး။”

“နောက်ပြီး ကျွန်တော် ဘောလုံး ကစားရတာကို ဂုဏ်ယူတယ်။ ကျွန်တော် အကြိုက်ဆုံး လိဂ်ပြိုင်ပွဲတစ်ခုမှာ ယှဉ်ပြိုင် ကစားရဖို့ကလည်း အရေးကြီးပါတယ်။ နောက်ပြီးတော့ တော့တင်ဟမ်ဟော့စပါးအသင်းအတွက်ကိုလည်း ပိုပြီး ကစားပေးချင်ပါသေးတယ်။” လို့ တုံ့ပြန် ပြောဆိုသွားခဲ့ပါတယ်။