ပရီးမီးယားလိဂ် ဂိုးသမားဟောင်းကြီး တစ်ဦးဖြစ်တဲ့ ရှေး ဂစ်ဗင်းက အာရွန် ရမ်းစဒဲလ်လို ဂိုးသမားမျိုး ရှိနေပါလျက်နဲ့ ဂိုးသမား ဒေးဗစ် ရာယာကိုပါ ထပ်မံ ခေါ်ယူခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုအပေါ် ပြစ်တင် ဝေဖန်လိုက်ပါတယ်။

အာဆင်နယ်အသင်းက ရက်ပိုင်းအတွင်းမှာပဲ ဂိုးသမားပိုင်းအတွက် အပြောင်းအရွှေ့ နှစ်ခုကို အလျင်အမြန် လုပ်ဆောင်ခဲ့ပြီး မတ် တာနာကို နော်တင်ဟမ် ဖောရက်စ်အသင်းဆီ မရောင်းချခင်မှာပဲ ဘရန့်ဖို့ဒ်က ဂိုးသမား ရာယာကို အငှား + အပြီးသတ် ခေါ်ယူမှုတို့နဲ့ ခေါ်ယူခဲ့ပါတယ်။

အာဆင်နယ်က အမေရိကန် ဂိုးသမား တာနာကို ရောင်းချပြီး ရမ်းစဒဲလ် နဲ့ ရာယာတို့ နှစ်ယောက်ကို အသင်းရဲ့ ဂိုးသမားအဖြစ် ထားရှိတာက လက်ရှိ အာဆင်နယ်မှာ အဓိက ဂိုးသမားအဖြစ် ရှိနေတဲ့ ရမ်းစဒဲလ်ကို ပျော်ရွှင်စေနိုင်မှာ မဟုတ်ဘူးလို့ ဂစ်ဗင်းက ထောက်ပြသွားခဲ့တယ်။

“ဒီအပြောင်းအရွှေ့ကို ကြည့်ပြီး ခင်ဗျားက ပြသာနာတစ်ခုကို ခေါ်ယူလိုက်မိပြီလို့ပဲ ပြောချင်ပါတယ်။ ရမ်းစဒဲလ်က မနှစ်ကတည်းက ကျွန်တော့်အတွက် အကောင်းဆုံး ကစားသမားတစ်ဦးပဲ။ သူက ဒီမှာ အထိုင်ကျပြီး စွမ်းဆောင်မှုကောင်းတွေလည်း ပြသခဲ့တယ်။ အခုတော့ ရာယာကို ထပ်ခေါ်လိုက်တယ်။”

Arsenal open to selling 'phenomenal' goalkeeper to make room for David Raya  - Football | Tribuna.com

Photo Credit : Tribuna

“ရာယာက ဘရန့်ဖို့ဒ်မှာဆိုရင် နံပါတစ် ဂိုးသမား။ ဆိုတော့ ဒါက ပြသာနာတစ်ခု ဖြစ်သွားစေသလိုပါပဲ။ ဘရန့်ဖို့ဒ်မှာ ပင်တိုင် ဂိုးသမား ဖြစ်နေသူက အာဆင်နယ် ဒါမှမဟုတ် တခြားအသင်းမှာ အရန် ဂိုးသမားအဖြစ် ကစားရမယ်ဆိုရင် အသင်းပြောင်းလိမ့်မယ်လို့ မထင်မိဘူး။ ကျွန်တော်သာ ရာယာဆိုရင်လည်း မပြောင်းဘူး။ ဒါကြောင့် အာတီတာက ဘာကြောင့် ရာယာကို ခေါ်ရလဲဆိုတာကို ကျွန်တော် နားမလည်နိုင်ဘူး။”

“အာဆင်နယ်ရဲ့ ဂိုးနည်းပြက အရင် ဘရန့်ဖို့ဒ်မှာလည်း တာဝန်ယူခဲ့ဖူးတာမို့ ရာယာကို ခေါ်ယူချင်တာ ဖြစ်ပါလိမ့်မယ်။ နံပါတ်တစ် နေရာ အာမခံချက် ရှိတယ်လို့ ပြောဆိုပြီး ခေါ်လိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါကိုတော့ ရမ်းစဒဲလ်က ကျေနပ်မှာတော့ မဟုတ်ဘူး” လို့ ဂစ်ဗင်းက မှတ်ချက်ပြုခဲ့ပါတယ်။