တူရကီ စူပါလိဂ်ကလပ် ဖီနာဘာချီအသင်းရဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုဟာ သူရဲ့ နည်းပြသက်တမ်းတစ်လျှောက်မှာ အောင်မြင်မှုပေါင်းစုံ ရယူနိုင်ခဲ့သလို စပယ်ရှယ်ဝမ်းနည်းပြကြီးက နေရာတိုင်းလိုလိုမှာလည်း အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေကို ဖန်တီးရမှာ နာမည်ကြီးသူလည်း ဖြစ်ပါတယ်။

တူရကီ ဘောလုံးနယ်ပယ်ဆီ ရောက်လာချိန်မှာလည်း မော်ရင်ဟိုက အစ္စတန်ဘူလ် အခြေစိုက် ပြိုင်ဘက်ကလပ်ဖြစ်တဲ့ ဂါလာတာဆာရေးအသင်းနဲ့ ခဏခဏ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး နောက်ဆုံးတွေ့ဆုံမှုဟာ နောက်ဆုံးမိနစ်အထိ ကမောက်ကမဖြစ်ခဲ့ပြီး နှစ်သင်းပေါင်း အနီကတ် ၄ ကတ်အထိ ပြသခံခဲ့ရသလို ပွဲပြီးဆုံးသွားပြီးနောက် မော်ရင်ဟိုဟာ ပြိုင်ဘက်နည်းပြ အိုကန် ဘူရွတ်ခ်နဲ့ ရန်ပွဲဖြစ်ခဲ့ပြီး ဘူရွတ်ကိုပါ နှာခေါင်းဆွဲညှစ်ခဲ့ပါသေးတယ်။

Photo Credit : Goal

မော်ရင်ဟိုဟာ သူ့ရဲ့ နှာခေါင်းဆွဲညှစ်တဲ့ လုပ်ရပ်ကြောင့် ပွဲ(၃)ပွဲအထိ ကွင်းဘေးစည်းကနေ ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ဒီလိုအခြေအနေတွေကြောင့် မော်ရင်ဟိုဟာ WWE ရပ်ဝန်းမှာဆိုရင် ပိုပြီးအသုံးဝင်တဲ့ အားဖြည့်သူတစ်ဦး ဖြစ်လာနိုင်တယ်လို့ အင်္ဂလန် ကစားသမားဟောင်းကြီး တက်ဒီ ရှာရင်ဂမ်က ပြောကြားလိုက်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ရှာရင်ဟမ်က casinoapps.com ကို ပြောကြားရာမှာ မော်ရင်ဟိုဟာ ချန်ပီယံလိဂ်မှာလိုပဲ Wrestlemania မှာလည်း အောင်မြင်နိုင်တယ်လို့ ဆိုပါတယ်။ “ကျွန်တော် အဲဒါ(နှာခေါင်းဆွဲညှစ်တာ)ကို မမြင်သေးဘူး။ အခုမှ ကြားဖူးတာပါ။ ဒါပေမယ့် တကယ် ရယ်စရာကောင်းပါတယ်။ ကျွန်တော် သူ့အကြောင်း မနေ့ကမှ ပြောနေတာပါ။”

Photo Credit : Brit Wrestling

“ကျွန်တော် မော်လ်ဒိုက်မှာ နည်းပြသင်တန်းတစ်ခု လုပ်နေတုန်း ဖီနာဘာချီ ပရိသတ်တစ်ယောက်က ဂျိုဆေး ထွက်သွားသင့်တယ်။ ကျွန်တော်တို့ ဂါလာတာဆာရေးနဲ့ အများကြီး နောက်ကျနေပြီလို့ ပြောတယ်။ ကျွန်တော်က အမြဲတမ်း တစ်ယောက်ယောက်ရဲ့ အမှားပဲလို့ ပြောခဲ့တယ်။ သူက ဘာကြောင့် နည်းပြချုပ်ကို ဆွဲလိုက်တာလဲ ဘာကြောင့် ဒီလိုလုပ်ရတာလဲ တွေးမိတယ်။ ဒါပေမယ့် ဒါက ရယ်စရာပါ။”

“သူ့မှာ ဂါလာတာဆာရေးဆီက မီးမောင်းထိုးပြမှုကို လွှဲဖို့ အမြဲတမ်း တစ်ခုခု ရှိနေတယ်။ သူ့ကိုယ်သူ မထိန်းနိုင်ဘူးလား။ သူ WWE မှာ ဘဝကို ဖြတ်သန်းဖို့ ပိုသင့်တော်မယ်ထင်တယ်။ သူက အဲ့ဒီအတွက် သေချာပေါက် ပြဇာတ်ဆန်တဲ့ အရည်အချင်းတွေ ရှိတယ်” လို့ ရှာရင်ဂမ်က ပြောဆိုခဲ့ပါတယ်။