ပရီးမီးယားလိဂ် တန်းတက် ကလပ်အသင်း ရှက်ဖီး ယူနိုက်တက်အသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် တောင်ပံ ကစားသမားလေး ဖာကန်ဒို ပယ်လစ်စထရီကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေပါတယ်။
ရှက်ဖီးအသင်းက ဥရုဂွေး ကစားသမားလေး ပယ်လစ်စထရီကို ယူနိုက်တက်ကနေ အငှားနဲ့ ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းနဲ့ပါ ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေပြီလို့ The Daily Telegraph ရဲ့ သတင်းထောက်က ဖော်ပြထားခဲ့ပါတယ်။
Photo Credit : The Sun
အသက် (၂၁)နှစ်အရွယ် ဥရုဂွေး လက်ရွေးစင် ညာတောင်ပံ ကစားသမားလေး ပယ်လစ်စထရီဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူဖြစ်ပြီး တစ်နှစ် ထပ်တိုးခွင့်ပါ ထည့်သွင်းထားခဲ့ပါသေးတယ်။
ဒါပေမယ့် ဒီနှစ် ဘောလုံးရာသီရဲ့ အဖွင့်ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် (၁၈)မိနစ်လေးသာ ပါဝင်ထားခဲ့ရတဲ့ ပယ်လစ်စထရီက ပွဲကစားခွင့်တွေ ပိုမို ရရှိဖို့အတွက် ယူနိုက်တက်ကနေ အငှားထွက်ကစားဖို့လည်း ရှိနေပါတယ်။
Photo Credit : Football Planet
ဒီအခြေအနေကို ရိပ်စားမိနေတဲ့ ရှက်ဖီးအသင်းက တောင်အမေရိက ကြယ်ပွင့်လေး ပယ်လစ်စထရီကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။
ယူနိုက်တက်ကလည်း အသင်းမှာ တောင်ပံ ကစားသမားတွေ အများအပြား ရှိနေပြီး ဟွိုင်လန်းသာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဆိုတာနဲ့ ရပ်ရှ်ဖို့ဒ်ကို ဘယ်ခြမ်းပို့တော့မှာ ဖြစ်လို့ နောက်ပိုင်းမှာ နေရာပျောက်ဖို့ အခြေအနေများလာနိုင်တဲ့ ပယ်လစ်စထရီကို အငှားချဖွယ် ရှိနေပါတယ်။