အာဆင်နယ် မန်ယူနိုက်တက် ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ် နာမည်ကြီး ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုအပြင် ကမ်းလှမ်းမှုတွေပါ ရရှိခဲ့တဲ လိုက်ပ်ဇစ် တိုက်စစ်မှူးလေး ဘင်ဂျမင် ဆက်စ်ကိုဟာ အဲ့ဒီအခွင့်အရေးကို ရယူခြင်းမရှိပဲ လိုက်ပ်ဇစ်မှာ ဆက်နေဖို့ကိုသာ ဆုံးဖြတ်သွားခဲ့ပါတယ်။

အသက် (၂၁)နှစ်အရွယ် ဆလိုဗေးနီးယား တိုက်စစ်မှူး ဆက်စ်ကိုဟာ လိုက်ပ်ဇစ်ဆီ မပြောင်းရွှေ့ခင် ဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ကစားနေစဉ်ကတည်းက ဥရောပ ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားခဲ့သူဖြစ်ပြီး လိုက်ပ်ဇစ်ကို ရောက်လာတော့ ဆက်စ်ကို ကို ပိုမို သတိထားလာမိပါတယ်။

Photo Credit : TEAMtalk

ဒါကြောင့်လည်း အာဆင်နယ် ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က လိုအပ်နေတဲ့ တိုက်စစ်နေရာအတွက် ဆက်စ်ကို ကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ဆက်စ်ကိုကလည်း ဒီ(၃)သင်းထဲကမှ အာဆင်နယ်ဆီ ရောက်ရှိဖို့ အနီးစပ်ဆုံးထိ ဖြစ်ပြီးမှ ဆက်စ်ကိုက ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ပြီး လိုက်ပ်ဇစ်မှာ ဆက်နေဖို့ကိုပဲ ရွေးချယ်လိုက်ပါတယ်။

“ကျွန်တော် လိုက်ပ်ဇစ်မှာ ပထမရာသီကောင်းတစ်ခုကို ရရှိခဲ့ပြီးတော့ ဒီအသင်းမှာ ရှိနေတာကလည်း မယုံနိုင်လောက်အောင်ကို ပျော်ရွှင်နေရပါတယ်။ အသင်း မြို့တော် ပရိသတ်တွေ အားလုံးက ကျွန်တော့်အတွက် ရိုးရိုလေးနဲ့ ထင်ရှားစေတဲ့ အရာတွေပါ။ ဒါတွေကြောင့်လည်း ကျွန်တော်က ဒီအသင်းနဲ့ စာချုပ်သက်တမ်း တိုးခြင်းကို စောစောစီးစီးပဲ လုပ်မိသွားခဲ့တာရတာ။”

Photo Credit : Football Transfer

“ရာသီပထမပိုင်းမှာ ကျွန်တော် များများစားစား မကစားနိုင်ခဲ့ပေမယ့်လည်း အဲ့ဒီအချ်ိန်က ကျွန်တော့်အတွက်နဲ့ ကျွန်တော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အရမ်း အရေးကြီးခဲ့ပါတယ်။ နောက်ပြီး ကလပ်အသင်းက လူတွေအားလုံးရဲ့ ယုံကြည်မှုနဲ့ အလေးပေးမှုတွေ အများကြီး ရလာခဲ့ရပြီး အဲ့ဒါက ကျွန်တော်ရဲ့ စွမ်းဆောင်ရည်အပြည့်နဲ့ စွမ်းဆောင်ဖို့အတွက် အရေးကြီးတဲ့ အရာတွေ ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ရာသီဝက်မှာ ကျွန်တော် ဂိုးတွေ ပြန်သွင်းလာနိုင်ခဲ့တယ်။”

“ကျွန်တော်တို့အသင်းက ကောင်းမွန်တဲ့ အလားအလာတွေကို ပိုင်ဆိုင်ထားတဲ့ လူငယ်တွေနဲ့ အတွေ့အကြုံရှိ ကစားသမားတွေနဲ့ မျှတစွာ ပေါင်းစပ်ထားတဲ့ အသင်းပါ။ ဒီအသင်းနဲ့အတူ နောက်တစ်ဆင့်တွေဆီ တက်လှမ်းနိုင်ဖို့ကိုလည်း ကျွန်တော် တကယ် မျှော်လင့်ပါတယ်။ ကျွန်တော်ရဲ့ ပထမရာသီမှာ အရည်အသွေးတွေ ပြသနိုင်ခဲ့ပေမယ့်လည်း အသင်းအတွက် လုပ်ပေးစရာတွေက အများကြီး ကျန်နေပါသေးတယ်။” လို့ ဆက်စ်ကိုက ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။