မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်းကြီး ဆာဂျီယိုရိုမဲရိုးက သူရဲ့အသင်းဟောင်း ယူနိုက်တက်အနေနဲ့ အသင်းမှာ အရန်ဂိုးသမားတစ်ဦး လိုအပ်နေမယ်ဆိုရင် သူ့ကို ကမ်းလှမ်းနိုင်ကြောင်း သူကိုယ်တိုင်ကလည်းအသင်းဆီကို တကျော့ပြန် ပြန်လည်ပူးပေါင်းသွားဖို့အတွက်ပါ ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။

Ex-Man Utd goalkeeper Romero finally finds new club as he joins Serie A  side Venezia | Goal.com

Photo Credit : Goal

ယူနိုက်တက်အသင်းဟာ အခုနှစ် နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ဂိုးသမားဖြစ်သူ ဒင်းဟန်ဒါဆန်ကို နော်တင်ဟမ်ဖောရက်စ်အသင်းဆီ အငှားချရတော့မှာ ဖြစ်သလို အသင်းရဲ့ စတုတ္ထမြောက် ဂိုးသမား လီဂရန့်ကလည်း ကစားသမားဘဝကနေ အနားယူသွားပြီဖြစ်လို့ ဒဟေးယားနဲ့ တွမ်ဟီတန်တို့သာ အသင်းမှာ ဆက်လက်ကျန်ရှိနေရတော့မှာ ဖြစ်ပါတယ်။ အသင်းမှာ ဂိုးသမားနှစ်ဦးတည်းသာ ကျန်ရှိနေရတော့မယ့် ယူနိုက်တက်အသင်းဟာ အရန်ဂိုးသမားတစ်ဦးကို ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေပြီး တကယ်လို့ သူ့ကိုသာ ကမ်းလှမ်းလာမယ်ဆိုရင် အသင်းဆီ အချိန်မရွေး ပြန်လာဖို့ ဆန္ဒရှိတယ်လို့ ရိုမဲရိုးက ပြောဆိုခဲ့ပါတယ်။

Sergio Romero sends message to Manchester United fans - United In Focus

Photo Credit : United in Focus

အသက်(၃၅)နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်ဟောင်း ဂိုးသမားကြီး ရိုမဲရိုးဟာ ၂၀၁၃ခုနှစ်ကမှ ဆမ်ဒိုးရီးယားကနေ ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘောလုံးရာသီ (၆)ရာသီထိ ဖြတ်သန်းခဲ့သလို ပွဲပေါင်း(၆၁)ပွဲအထိ ပါဝင်ကစားဖြစ်ခဲပါတယ်။ ယူနိုက်တက်အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား အက်အေဖလား လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ပိုင်ဆိုင်ခဲ့ရတဲ့ ရိုမဲရိုးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကမှ အီတလီကလပ် ဗင်နီဇီယာအသင်းဆီ ရောက်ရှိလာခဲ့ပြီး အခုလက်ရှိမှာတော့ ဗင်နီဇီယာဟာ စီးရီးဘီကို တန်းဆင်းသွားခဲ့ရပြီ ဖြစ်တာကြောင့် အသင်းနဲ့ ဆက်လက် သက်တမ်းမတိုးတော့ပဲ ဗင်နီဇီယာနဲ့သာ လမ်းခွဲတော့မှာဖြစ်ပါတယ်။ မနက်ဖြန်မှာပဲ free agent ကစားသမားတစ်ဦး ဖြစ်လာရတော့မယ့် ရိုမဲရိုးဟာ နောက်ထပ် အသင်းသစ် တစ်သင်းကို မရှုာဖွေခင်မှာပဲ အရန်ဂိုးသမားတစ်ဦး အလိုရှိနေတဲ့ သူ့အသင်းဟောင်း ယူနိုက်တက်အသင်းဆီ ပြန်သွားဖို့ စိတ်ဝင်စားနေပြီး အသင်းအပေါ် ချစ်မြတ်နိုးမှု ရှိနေသေးတာကြောင့် ယူနိုက်တက်နဲ့ ပြန်လည်ပူးပေါင်းလိုနေပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ယူနိုက်တက်ဘက်က သူတို့ဂိုးသမားဟောင်း ရိုမဲရိုးကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့ အမှုအရာမျိုး မပြသသေးကြောင်း သိရပါတယ်။