ပီအက်စ်ဂျီအသင်းရဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်က ဒီရာသီမှာ ပီအက်စ်ဂျီနဲ့အတူ ပွဲစဉ်တွေများစွာ ပါဝင်ကစားထားခဲ့ပြီး form ကောင်းတစ်ခုလည်း ပြသထားနိုင်ခဲ့ပေမယ့် သူ့ကို စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဟင်းနရစ်က စပိန်လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့အပေါ် စိတ်ပျက်လျက် ရှိနေပါတယ်။

Photo Credit : Football Espana

ရာမို့စ်က ရီးယဲလ်မက်ဒရစ်ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့တဲ့ မနှစ်က နွေရာသီကတည်းက သူရဲ့ ကြံခိုင်မှု အခြေအနေတွေက အားရစရာ အနေအထားမှာ ရှိမနေခဲ့ပေမယ့် ဒီရာသီမှာတော့ ရာမို့စ်က ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ (၁၁)ပွဲမှာ (၁၀)ပွဲကို ပွဲထွက်ကစားသမားအဖြစ်နဲ့ ပါဝင်ထားခဲ့ရသလို အဲ့ဒီ (၁၀)ပွဲထဲကမှ (၈)ပွဲကိုတော့ ပွဲချိန်ပြည့်အထိကို ပါဝင်ထားခဲ့ရပါတယ်။ ဒီလို fitness အခြေအနေမျိုးမှာတောင် သူ့ကို စပိန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းမရှိတဲ့ စပိန်နည်းပြ အင်းနရစ်ရဲ့ ဆုံးဖြတ်ချက်ကို ရာမို့စ်က အတော်လေးကို စိတ်ပျက်လို့နေပါတယ်။

Photo Credit : Marca

ရာမို့စ်က fitness condition တိုးတတ်လာရုံသာမကပဲ အသင်းရဲ့ ခံစစ်မှာပါ အကောင်းဆုံး ကစားထားနိုင်ခဲ့လို့ အခုဆိုရင် ပီအက်စ်ဂျီဘက်ကပါ ရာမို့စ်ကို စာချုပ် ထပ်တိုးသွားဖို့ပါ ပြင်ဆင်လာခဲ့င်္ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ရာမို့စ်အနေနဲ့ စပိန်လက်ရွေးစင်အသင်းမှာ ပြန်လည် ရွေးချယ်ခံရခြင်း မရှိသေးတဲ့အပေါ် စိတ်ပျက်နေပြီး ရာမို့စ်ကတော့ လာမယ့် နိုဝင်ဘာလထဲ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ခုနှစ် ကမာ္ဘ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းနဲ့အတူ ပါဝင်သွားရနိုင်ဖို့အတွက် ရည်မှန်းထားနေပြီး ဆက်လက် ကြိုးပမ်းလျက် ရှိနေပါတယ်။ စပိန်နည်းပြ အင်းနရစ်ကတော့ အခု ရွေးချယ်လိုက်တဲ့ လူစာရင်းက Nations League ပွဲစဉ်တွေအတွက်သာ ဖြစ်နေသေးပြီး ဘယ်စပိန် ကစားသမားအတွက်မှ အသင်းအတွက် ပါဝင်ခွင့်ကို ပိတ်ပင်ထားခြင်း မရှိသေးပဲ အားလုံးကို အမြဲတံခါးဖွင့်ထားတယ်လို့ ပြောဆိုထားခဲ့ပါတယ်။ ဒါ့အပြင် သူ ရာမို့စ်ကို မရွေးချယ်ခဲ့တာကလည်း ရာမို့စ်နေရာမှာ ကစားနေတဲ့ လူတွေထဲကမှ အကောင်းဆုံး ကစားသမားတွေကို ရွေးချယ်ထားတာကြောင့်သာ ဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုထားခဲ့ပါတယ်။ စပိန်အသင်းဟာ international break အတွင်း ဆွစ်ဇာလန် ပေါ်တူဂီအသင်းတွေနဲ့ nations league ပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။