ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် လိုအပ်နေတဲ့ အဆင့်မျိုးမှာ ရှိမနေသေးဘူးလို့ ပီအက်စ်ဂျီရဲ့ ဝါရင့် နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်က ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက် (၁၆)သင်းအဆင့်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေခဲ့ရာ နှစ်ကျော့စလုံး သွင်းဂိုးတောင် မရရှိခဲ့ပဲ ရှုံးန်ိမ့်ခဲ့ရင်း ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။ မက်ဆီ နေမာ ဘာပေတို့လို ကမ္ဘာ့အကောင်းတကာ့ အကောင်းဆုံး ကစားသမားတွေကို ပိုင်ဆိုင်ထားရချိန်မှာတောင် ချန်ပီယံလိဂ်ကို နှစ်နှစ်ဆက်တိုက် (၁၆)သင်းအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာက ပီအက်စ်ဂျီအသင်းအတွက်တော့ အတော်လေး နာကျင်စရာ ဖြစ်နေခဲ့ရပါတယ်။

Sergio Ramos admits PSG are 'not at the level required' for Champions  League success after 'painful' Bayern Munich defeat | Goal.com Uganda

Photo Credit : Goal

အခုလို ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရခြင်းအပေါ် ပီအက်စ်ဂျီ နောက်ခံလူ ရာမို့စ်က “အရမ်းစိတ်ပျက်မိရပါတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်အတွက် လိုအပ်နေတဲ့ အဆင့်မျိုးမှာ ရှိမနေသေးဘူး။ အဓိက အသေးစိတ် အချက်အလက်တွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကျွန်တော်တို့ မသိခဲ့သလို အဓိက ရည်မှန်းချက်နဲ့လည်း လွဲချော်ခဲ့ရတယ်။ ဒါက နာကျင်စရာပါပဲ။ ဒါပေမယ့် ချန်ပီယံတွေဆိုတာ ရှုံးနိမ့်မှုကနေ ပြန်လည် နိုးထလာနိုင်တယ်။ အခက်အခဲတွေနဲ့ အသားကျနေနိုင်ရမယ်။ ကျွန်တော် ပြန်လာပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

It's a privilege to play with Messi' - Ramos insists he has 'excellent'  relationship with PSG superstar | Goal.com India

Photo Credit : Goal

လက်ရှိမှာတော့ ပီအက်စ်ဂျီအနေနဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခွာထားရသလို ပြင်သစ်ဖလား ပြိုင်ပွဲကနေပါ ထွက်ခွာခဲ့ရတာကြောင့် လီဂူး အမှတ်ပေးပွဲစဉ်ကိုသာ ဆက်လက် အာရုံစိုက်သွားရတော့မှာဖြစ်ပြီး လီဂူးဘက်မှာတော့ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ (၈)မှတ်အသာနဲ့ ရပ်တည်ထားတာမို့ ချန်ပီယံဆုရယူနိုင်ဖို့က အလားအလာကောင်းနေပါတယ်။