အာဆင်နယ်အသင်းဟာ ရာသီသစ်အစမှာပင် ဒဏ်ရာပြဿနာတွေနဲ့ ထပ်မံရင်ဆိုင်နေရပြီး အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဘူကာယို ဆာကာတစ်ယောက် ဒဏ်ရာကြောင့် လေးပတ်အထိ အနားယူရတော့မှာဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ နည်းပြ မီခေးလ် အာတီတာအတွက် နောက်ထပ် ထိုးနှက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
အာဆင်နယ်ကြယ်ပွင့်ဟာ စနေနေ့က လိဒ်စ် ယူနိုက်တက်အသင်းကို ၅-၀ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ရာသီသစ်ရဲ့ ဒုတိယပွဲစဉ်မှာပင် အသင်းမှာ ဒဏ်ရာရကစားသမားတွေ များပြားလာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : The Independent
BBC Sport ရဲ့ ဖော်ပြချက်အရ ဆာကာဟာ လေးပတ်အထိ အနားယူရမှာဖြစ်ပြီး ဒါကြောင့် လာမယ့်အပတ်မှာကစားမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုပြိုင်ဘက် လီဗာပူးလ်အသင်းနဲ့ ပွဲကြီးပွဲကောင်းကို လွဲချော်မှာ သေချာသွားပြီ ဖြစ်ပါတယ်။
စနေနေ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့သူဟာ တောင်ပံကစားသမား ဆာကာတစ်ဦးတည်း မဟုတ်ဘဲ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ကလည်း ပထမပိုင်းမှာ ပခုံးဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
Photo Credit : Liverpool Echo
ဒီဒဏ်ရာသစ်နှစ်ခုဟာ ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲမှာ ဆိုးရွားတဲ့ ဒူးခေါင်းဒဏ်ရာ ရရှိခဲ့တဲ့ ကိုင် ဟားဗတ်ဇ်ရဲ့ ဒဏ်ရာနောက်ပိုင်းမှာ ထပ်မံပေါ်ပေါက်လာခဲ့တာပါ။
မီခေးလ် အာတီတာဟာ အသင်းကို အားဖြည့်ဖို့အတွက် ခရစ္စတယ် ပဲလေ့စ်ကြယ်ပွင့် အီဘီရီချီ အီဇေးကို ခေါ်ယူထားပြီး ဖြစ်ပေမယ့် ရာသီအစမှာပင် သူ့ရဲ့တိုက်စစ်ပိုင်းဟာ အင်အားအလွန်အမင်း လျော့နည်းနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။