ဘာမင်ဂမ် နည်းပြသစ် ဝိန်းရွန်နီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက် အင်္ဂလန်ကို ပြန်လာပြီး ဘာမင်ဂမ်စီးတီးအသင်း နည်းပြသစ်အဖြစ် တာဝန်ယူ ဆောင်ရွက်နေချိန် အဖွင့်ပွဲ (၂)ပွဲဆက်တိုက် ရှုံးပွဲ ကြုံတွေ့နေရပါတယ်။

ဘောလုံးသမား ဘဝကနေ အနားယူခဲ့ပြီးနောက် နည်းပြလောကထဲကို ချက်ချင်းဆိုသလို ဝင်ရောက်လာခဲ့တဲ့ ရွန်နီဟာ လက်ရှိမှာတော့ ဒါဘီကောင်တီ ဒီစီယူနိုက်တက်တို့ကို ကိုင်တွယ်ထားပြီးချိန် အခုတော့ ဘာမင်ဂမ်နည်းပြအဖြစ် ဆက်လက် ဆောင်ရွက်နေပါတယ်။

Photo Credit : Birmingham Live

ဘာမင်ဂမ် နည်းပြဘဝ ပွဲဦးထွက်မှာ ရွန်နီက သူရဲ့ မန်ယူနိုက်တက် အသင်းဖော်ဟောင်း မိုက်ကယ် ကာရစ်ကိုင်တွယ်နေတဲ့ မစ်ဒယ်ဘရော့အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး (1-0) နဲ့ ရှုံးပွဲတွေ့ခဲ့လို့ တာထွက်ဆိုးသွားခဲ့ရပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းထဲမှာပဲ ဘာမင်ဂမ်နည်းပြ ရွန်နီက သူရဲ့ ပထမဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် ဟားလ်စီးတီးအသင်းကို ဧည့်ခံခဲ့ရာမှာလည်း (0-2) ဆိုတဲ့ ရလဒ်မျိုး ထပ်မံ ထွက်ပေါ်ခဲ့ပြန်တာကြောင့် သူ့ကို ဘာမင်ဂမ် ပရိသတ်များအားကပါ အော်ဟစ် လှောင်ပြောင်လာကြပါတယ်။

Photo Credit : talkSPORT

တကယ်တော့ ဘာမင်ဂမ်နဲ့ ကစားခဲ့တဲ့ ဟားလ်စီးတီးအသင်းက အဲ့ဒီပွဲမတိုင်ခင် (၄)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ထားခဲ့တာ ဖြစ်တဲ့အပြင် ဟားဟ်စီးတီးကို ကိုင်တွယ်နေတဲ့ နည်းပြ လီယန်ကလည်း ဒါဘီမှာ ရွန်နီရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူပါ ဖြစ်နေပါတယ်။

ဒါပေမယ့် ရွန်နီကိုယ်တိုင်ကတော့ သူအခုလို ရလဒ်တွေ ဆိုးရွားနေရတာက လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲကြောင့်ဖြစ်ပြီး ဒီက ကလပ်အသင်းကို ကိုင်တွယ်ရတာက အလွန် ခက်ခဲလွန်းတာကြောင့် ပရီးမီးယားလိဂ်ရဲ့ နည်းပြတွေပါ ဒီအသင်းတွေကို လာကိုင်တွယ်မယ်ဆိုရင် ရုန်းကန်သွားရနိုင်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။