အယ်လ်နာဆာအသင်းနဲ့ ပေါ်တူဂီ စူပါစတား တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက လာမယ့် ဖိုက်တင်းဂိမ်း Fatal Fury: City of the Wolves မှာ သူဟာ ကစားနိုင်မယ့် ဇာတ်ကောင်တစ်ဦးအဖြစ် ပါဝင်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး သူ့ရဲ့ ထူးခြားတဲ့ “SIU” အောင်ပွဲခံမှုကိုပါ ထည့်သွင်းထားပါတယ်။

Fatal Fury ဂိမ်းစီးရီးဟာ ၁၉၉၁ ခုနှစ်မှာ စတင်ထင်ရှားလာခဲ့ပြီး 2D ဖိုက်တင်းဂိမ်းအမျိုးအစားမှာ ရှေ့ဆောင်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ နှစ်များတစ်လျှောက် ပရိသတ်အားပေးမှု အားကောင်းခဲ့ပြီး Garou: Mark of the Wolves (၁၉၉၉) ဟာ ဒီစီးရီးရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ ဂိမ်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်အကြာကြီး ရပ်နားထားပြီးနောက် Fatal Fury: City of the Wolves နဲ့ ဒီဂိမ်းစီးရီးကို ပြန်လည် အသက်သွင်းလိုက်ပါတယ်။ ခေတ်မီဆန်းသစ်တဲ့ အဆင့်မြင့် ရုပ်ပုံတွေ တော်လှန်ပြောင်းလဲထားတဲ့ တိုက်ပွဲစနစ်တွေက ဂိမ်းထဲ အသစ်ဝင်လာသူတွေရော အတွေ့အကြုံရှိသူတွေအတွက်ပါ အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားတဲ့ ထိန်းချုပ်မှုပုံစံတွေနဲ့ ပြန်လာခဲ့ပါတယ်။

Photo Credit : 22esports

ဂိမ်းရဲ့ ဇာတ်အိမ်ဖြစ်တဲ့ ဆောက်သ် တောင်း (South Town) ဟာ ရည်မှန်းချက်တွေနဲ့ ပြိုင်ဆိုင်မှုတွေ ပြည့်နှက်နေတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေရဲ့ စင်မြှင့်အဖြစ် ဆက်လက် တည်ရှိနေပါတယ်။ ဂိမ်းထွက်ရှိဖို့ မတိုင်ခင်မှာဘဲ ရော်နယ်လ်ဒိုက သူဟာ ဒီဂိမ်းသစ်ထဲမှာ တိုက်ခိုက်သူအဖြစ် ပါဝင်လာမယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုက သူ့ရဲ့ အင်စတာဂရမ်ပို့စ်မှာ ဒီသတင်းကို မျှဝေခဲ့ပြီး အခုလိုရေးသားခဲ့ပါတယ်။ “ဒီနေ့ လူတိုင်းနဲ့ မျှဝေစရာ သတင်းကြီးတစ်ခု ရှိတယ်။ ကျွန်တော်ဟာ လာမယ့် ဖိုက်တင်းဂိမ်းသစ် FATAL FURY: City of the Wolves မှာ ဇာတ်ကောင်တစ်ခုအဖြစ် ပါဝင်တော့မှာပါ။ @fatalfury_prဧပြီလ (၂၄)ရက်နေ့မှာ အတူတူ ပျော်ရွှင်ကြရအောင်။ #SNK #FatalFury #CR7”

Photo Credit : Goal

ရော်နယ်လ်ဒိုရဲ့ ဂိမ်းထဲ ပွဲဦးထွက်က လူပြောများနေချိန်မှာပဲ ဒီပေါ်တူဂီစူပါစတားဟာ သူ့ရဲ့ ဘောလုံးကစားသမားဘဝကို အပြည့်အဝ အာရုံစိုက်ထားဆဲပါ။ အသက်(၄၀)အရွယ် ဒီတိုက်စစ်မှူးဟာ သူ့ရဲ့ ရှည်လျားပြီး ထူးချွန်တဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ အနားယူဖို့ လက္ခဏာမပြသေးဘဲ မျှော်လင့်ချက်တွေကို ဆန့်ကျင်ပြီး ဆက်လက်တောက်ပလျက် ရှိနေပါတယ်။

အောင်မြင်မှုတွေအတွက် ရော်နယ်လ်ဒိုရဲ့ ဆာလောင်မွတ်သိပ်မှုက မကြာသေးခင်က ဂင်းနစ် ကမ္ဘာ့စံချိန်တင်ဆုနဲ့ ဆုချီးမြှင့်ခံခဲ့ရပြီး သူ့အသင်းဖော်ဟောင်းကြီး ဆာဂျီယို ရာမို့စ်ရဲ့ နိုင်ငံတကာ အနိုင်ပွဲ အများဆုံး စံချိန်ကို ကျော်ဖြတ်ကာ ပေါ်တူဂီအတွက် (၁၃၂)ကြိမ်မြောက် နိုင်ပွဲကို ရယူပေးနိုင်ခဲ့ပါတယ်။