မနေ့ညက ကစားသွားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပါဝင်နိုင်ခြင်း မရှိခဲ့တဲ့ GOST ကြိး ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးတစ်ခု ပြုလုပ်ရင်းနဲ့ ဒီနှစ်ဘောလုံးရာသီအတွင်း သူ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခြေအနေတွေအကြောင်းကို အံ့အားသင့်စဖွယ် ထုတ်ဖော် ပြောဆိုမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

Cristiano Ronaldo diz que se sente traído no Manchester United: 'Não me  queriam aqui' | LANCE!

Photo Credit : LANCE!

ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ နွေဈေးကွက်ကမှ ယူနိုက်တက်အသင်းကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ဒီနှစ်ရာသီအစကနေ လက်ရှိအချိန်ထိ သူ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေနဲ့ စပ်လျဉ်းပြီး အသင်းအကြောင်း အသင်းနည်းပြအကြောင်း နည်းပြဟောင်းအကြောင်းနဲ့ အသင်းဖော်ဟောင်းရဲ့အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုက သူရဲ့လက်ရှိကလပ် ယူနိုက်တက်နဲ့ ပတ်သတ်ပြီး ပြောဆိုရာမှာတော့ အသင်းမှာ ရှိနေတဲ့ သူတွေအားလုံးက သူ့ကို ဝိုင်းပြီး သစ္စာဖောက်တယ်ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : UOL

“ကျွန်တော့်ကို သစ္စာဖောက်တယ်လို့ ခံစားမိတယ်။ နည်းပြသာမကပဲ အသင်းမှာ အသင်းတာဝန်ရှိသူတွေအဖြစ် လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ လူ(၂)ဦး(၃)ဦးကပါ ဒီလို လုပ်ဆောင်ခဲ့တယ်။ လူတွေက အမှန်တရားကို ကြားသင့်ပါတယ်။ တချို့လူတွေက ကျွန်တော့်ကို ဒီမှာ မရှိစေချင်ကြဘူး။ ဒါက ဒီနှစ်မှတောင် မဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ်ကတည်းက အသင်းမှာ မရှိစေချင်တာ။ အသင်းတာဝန်ရှိသူတွေ ကျွန်တော့်ကို တွန်းထုပ်ဖို့ ကြိုးစားနေခဲ့တာ။ ဘာတွေ ဖြစ်နေတာလဲဆိုတာကို ကျွန်တော် မသိဘူး။ ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာသွားပြီးကတည်းက အသင်းမှာ ဘာတိုးတတ်မှု အရိပ်အယောင်မှ မရှိခဲ့ရသလိုပဲ။ သူတို့က အားကစားဒါရိုက်တာ ရန်းနစ်ကို အသင်းဆီ ခေါ်ဆောင်တယ်။ သူက နည်းပြတစ်ဦးတောင် မဟုတ်ဘူး။ မန်ချက်စတာယူနိုက်တက်လို အသင်းကြီးတစ်သင်းက အသင်းနည်းပြ ရာထူးအတွက် အားကစားဒါရိုက်တာတစ်ဦးကို ခေါ်ယူခဲ့ခြင်းကို ကျွန်တော် တစ်ယောက်တည်း အံ့အားသင့်ခဲ့တာ မဟုတ်ဘူး။ အားလုံးနီးပါး အံ့အားသင့်သွားခဲ့ရတာ” လို့ ရော်နယ်လ်ဒိုက အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ ဒီပြောဆိုမှုတွေကြောင့် ရော်နယ်လ်ဒိုဟာ လာမယ့် ဆောင်းဈေးကွက်မှာ ယူနိုက်တက်နဲ့ သေချာပေါက် လမ်းခွဲရဖွယ် ရှိလာနိုင်ပြီး အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့သွားရနိုင်ပါတယ်။