GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူရဲ့လက်ရှိကလပ် အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ် တစ်ရပ်ကို တိုးမြှင့် ချုပ်ဆိုသွားဖို့ ရှိနေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုပါ ဝင်ရောက် ယှဉ်ပြိုင်သွားဖွယ်လည်း ရှိနေပါတယ်။

အသက် (၃၈)နှစ်အရွယ်ကို ရောက်ရှိနေပေမယ့်လည်း လက်ရှိအချိန်ထိ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ဆက်လက် ပြသနေသေးတဲ့ ရော်နယ်လ်ဒိုဟာ ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ် မရှိသေးတဲ့အပြင် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ပါဝင်သွားဖို့ပါ စီစဉ်နေပါတယ်။

Photo Credit : Twitter X

ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ရော်နယ်လ်ဒိုအတွက်တော့ နောက်ဆုံးသော World Cup လို့ အားလုံးက ယူဆခဲ့ကြပြီး ရော်နယ်လ်ဒိုအနေနဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲလောက်သာ ဆက်လက် ကစားနိုင်တော့မယ်လို့ ထင်ထားခဲ့ကြပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ရော်နယ်လ်ဒိုက ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြင့်သွားဖို့ ရှိနေတဲ့အပြင် ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက်ကိုပါ ယူရို ၂၀၂၄ပြိုင်ပွဲရော ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပါ ပါဝင် ကစားပေးသွားချင်နေပါတယ်။

Photo Credit : Sports Manor

ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် ယူရိုဖလား နေရှင်းနယ်လိဂ်ဖလားတို့ကို ရယူပေးနိုင်ခဲ့ပေမယ့််လည်း ကမ္ဘာ့ဖလားကို မရယူပေးနိုင်တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ လက်ရွေးစင်အသင်းအတွက် တစ်ခုခု လုပ်ပြပေးသွားဖို့ စိတ်အားထက်သန်နေပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားမှာ အသက် (၄၂)နှစ်ကို ရောက်ရှိနေတော့မယ့် ရော်နယ်လ်ဒိုက အဲ့ဒီအသက်အရွယ်အထိ သူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ဆက်လက် ထိန်းသိမ်းထားပြီး ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပါဝင် ဆင်နွဲသွားဦးမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။ ရော်နယ်လ်ဒိုက သူရဲ့ ဘောလုံးသမားဘဝကိုတော့ ၂၀၂၇ခုနှစ်မှသာ အဆုံးသတ်သွားဖွယ်လည်း ရှိနေပါတယ်။