ဒူဘိုင်း ဘာလွန်းဒေါလို့ လူသိများကြတဲ့ Globe Soccer Awards ဆုပေးပွဲရဲ့ ဆု(၃)ခုအတွက် ဆန်ခါတင်စာရင်းဝင်ထားတဲ့ ကစားသမားတွေထဲမှာ အယ်လ်နာဆာ အသင်းခေါင်းဆောင် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက မဲအများဆုံးအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ (၁၄)ကြိမ်မြောက်အဖြစ် ကျင်းပသွားမယ့် Globe Soccer Awards ဆုပေးပွဲအတွင်း ဘောလုံးဆုပေါင်း (၁၁)ဆုနဲ့ ဒစ်ဂျစ်တယ်ဆုတွေ အားလုံးပေါင်း (၁၇)ဆုအထိ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

Photo Credit : FC Barcelona

ဒီဆုပေးပွဲရဲ့ အဓိကအကျဆုံး ဆုတစ်ခုဖြစ်တဲ့ Best Men’s Player Awards အတွက်ကိုလည်း နောက်ဆုံး ဆန်ခါတင်စာရင်း ထုတ်ပြန်ထားခဲ့ရာ ထိပ်တန်း ကစားသမားတွေ အများအပြား ပါဝင်နေသလို လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို GOAT ကြီး (၂)ဦး ပါဝင်လာခဲ့ပါတယ်။

ဒီ Globe Soccer Awards မှာတော့ Best Men’s Player Awards ဆုကို ရော်နယ်လ်ဒိုက (၆)ကြိမ်အထိ ဆွတ်ခူးထားခဲ့ရင်း အအောင်မြင်ဆုံးအဖြစ် မှတ်တမ်းဝင်ထားခဲ့ပေမယ့် မက်ဆီကတော့ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်မှာသာ တစ်ကြိမ် ရယူနိုင်ခဲ့ပါတယ်။

Photo Credit : GQ Middle East

အခုလည်း ရော်နယ်လ်ဒိုဟာ 2023 Globe Soccer Awards ရဲ့ Best Men’s Player Awards ဆုအတွက် ထိပ်ဆုံးနေရာကနေ voting အသာကြီးနဲ့ ဦးဆောင်နေသလို ပရိသတ်အကြိုက်ဆုံး တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နဲ့ အရှေ့အလယ်ပိုင်း ကလပ်အသင်းတွေရဲ့ ကစားသမားတွေထဲကမှ အကောင်းဆုံး ကစားသမားဆုတွေမှာ မဲအပြတ်အသတ် ရရှိနေပါတယ်။

ဆက်လက်ပြီး ဒီနှစ်အတွင်း Kopa Trophy နဲ့ Golden Boy ဆုတွေကို သိမ်းပိုက် ရယူထားနိုင်ခဲ့တဲ့ အင်္ဂလန် ကြယ်ပွင့် ကစားသမာလေး ဂျုဒ့် ဘယ်လင်ဟမ်ကလည်း အကောင်းဆုံး ကွင်းလယ်ကစားသမားဆုအတွက် မဲအများဆုံး ရရှိနေပြီး ဂိုးသမားဆုအတွက် ဘူနူ အတိုးတက်ဆုံး ကစားသမားအဖြစ် အဒါဂူလာတို့က မဲအများဆုံး ရရှိနေပါတယ်။