မန်ချက်စတာ ယူနိုက်တက်အသင်း အလိုရှိနေတဲ့ ရိုးမား တိုက်စစ်ကစားသမား တမ်မီ အေဘရာဟမ်ကို ရိုးမားအသင်းဘက်ကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)ဝန်းကျင်လောက်နဲ့ ရောင်းထုတ်သွားဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။

Tammy Abraham has scored just nine goals so far this season

Photo Credit : The Sun

တိုက်စစ်ကစားသမား အထူးသဖြင် အထောင်တိုက်စစ်မှူး တစ်ဦးဦးကို မဖြစ်မနေ ခေါ်ယူ အားဖြည့်သွားရဖို့ ရှိနေတဲ့ မန်ယူနိုက်တက်အသင်းက လက်ရှိမှာ တိုက်စစ်မှူးများစွာကို ပစ်မှတ်ထားလျက် ရှိနေပြီး ဒီထဲမှာ ရိုးမား တိုက်စစ်မှူး အေဘရာဟမ်ပါ ပါဝင်လာခဲ့ပါတယ်။ ရိုးမားအသင်းဘက်ကတော့ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း(၇၀)အထိ သတ်မှတ်ထားတယ်လို့ ထုတ်ပြန်လာခဲ့ပြီး ဒီတန်ကြေးက ချယ်လ်ဆီးအသင်း အေဘရာဟမ်ကို ရိုးမားဆီ ရောင်းချတုန်းက စာချုပ်ထဲမှာ ထည့်သွင်းထားတဲ့ buy-back clause တန်ကြေးနဲ့ တူညီနေပါတယ်။

Photo Credit : TEAMtalk

အင်္ဂလန် တိုက်စစ်ကစားသမား အေဘရာဟမ်က ရိုးမားအသင်းနဲ့ ပွဲဦးထွက် ရာသီမှာပဲ ပြိုင်ပွဲစုံ သွင်းဂိုး စုစုပေါင်း (၂၇)ဂိုးအထိ သွင်းယူခဲ့သလို အသင်းနဲ့လည်း ကွန်းဖရန့်စ်လိဂ်ဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါသေးတယ်။ အေဘရာဟမ်ရဲ့ ရိုးမား ကစားသမားဘဝ ပွဲဦးထွက်က တာထွက်ကောင်းခဲ့တယ် ဆိုပေမယ့်လည်း ဒီရာသီမှာတော့ ရိုးမားနဲ့ (၄၆)ပွဲ ကစားထားချိန်မှာတောင် (၉)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး ရုန်းကန်နေရတာကြောင့် အသင်းကနေ ပြန်လည် ရောင်းချဖို့ ပြင်ဆင်လာခဲ့တာပဲ ဖြစ်ပါတယ်။

God knows the future' - Abraham insists he's 'happy' at Roma but refuses to  rule out Chelsea return | Goal.com

Photo Credit : Goal

ရိုးမားက သူတို့အသင်းရဲ့ တိုက်စစ်မှူး အေဘရာဟမ်ကို နဂို သတ်မှတ်ထားတဲ့ တန်ကြေးထက် cut-prioce တန်ကြေးဖြစ်တဲ့ ပြောင်းရွှေ့ကြေး ပေါင် (၃၉.၅)သန်းနဲ့ ရောင်းထုတ်သွားဖို့ အစီအစဉ် ရှိနေပြီး ဒီတန်ကြေးမျိုးနဲ့သာဆိုရင် အေဘရာဟမ်ကို ကလပ်အသင်း တော်တော်များများက အပြိုင် ကမ်းလှမ်းကြဖွယ်လည်း ရှိလာနိုင်ပါတယ်။ ဒါ့အပြင် FFP rule ကြောင့် လာမယ့်နွေမှာ အသုံးစရိတ် ပေါင် သန်း (၁၀၀)ပဲ သုံးစွဲခွင့် ရရှိနိုင်မယ့် ယူနိုက်တက်အတွက်ပါ အေဘရာဟမ်ရဲ့ တန်ကြေးက အဆင်ပြေလောက်နိုင်တာမို့ ကမ်းလှမ်းမှု ပြုလုပ်လာမလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။