ဆြာမော်ကြီးရဲ့ ရိုးမားအသင်းဟာ ဒီနွေမှာ အလွတ် ခေါ်ယူမှုအဖြစ် အန်ဒစ်ကာ နဲ့ အာဝါတို့ကို ခေါ်ယူ အားဖြည့်ထားခဲ့ပြီးနောက် အခုလက်ရှိမှာလည်း အလွတ် ခေါ်ယူမှုကြီး (၂)ခုကိုပါ ထပ်မံ လုပ်ဆောင်သွားဖို့ စီစဉ်နေပြန်ပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာ ဝုလ်ဗ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးထားတဲ့ စပိန် တောင်ပံကစားသမား အဒါမာထရာအိုရေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အေစီမီလန်အသင်းက ဆွေးနွေးမှုတွေ လုပ်ဆောင်နေသလို ရိုးမားအသင်းကပါ ထရာအိုရေးကို ပစ်မှတ်ထားလာခဲ့ပါတယ်။ ဒါကြောင့် ထရာအိုရေးအနေနဲ့ မီလန်နဲ့ ဆွေးနွေးနေစဉ်မှာပဲ အခြားသော ကမ်းလှမ်းမှုတွေကိုပါ နားစွှင့်နေတာဖြစ်ပြီး အဲ့ဒီအသင်းတွေထဲမှာ ရိုးမားလည်း ပါဝင်လို့နေပါတယ်။

Photo Credit : Sempre Milan

ရိုးမားအနေနဲ့ ထရာအိုရေးကိုသာမက နောက်ထပ် မီလန် ပစ်မှတ်ဖြစ်သူ ဂျပန် ကြယ်ပွင့် ကစားသမား ကာမာဒါကိုလည်း ပစ်မှတ်ထားနေပြန်ပါတယ်။ မီလန်အသင်းက ကာမာဒါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေပေမယ့်လည်း လက်ရှိအချိန်အထိ အပြောင်းအရွှေ့ အထမမြောက်နိုင်သေးတာကြောင့် ဒီအခြေအနေကို ရိုးမားဘက်က ကြားဖြတ် အသုံးချသွားဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ ရိုးမားအသင်းကလည်း မနှစ်က ဈေးကွက်အတွင်းကနေ စတင်ပြီး ဒီဘားလား ဘယ်လော့တီ မာတစ် အာဝါ အန်ဒစ်ကာ အစရှိတဲ့ ထိပ်သီး ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ပဲ ဆက်တိုက် ခေါ်ယူထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် ရိုးမားအသင်းအနေနဲ့ ဒီနွေဈေးကွက်ထဲမှာပဲ အလွတ် ခေါ်ယူမှု (၂)ခု ပြုလုပ်ထားပြီးချိန် နောက်ထပ် free transfer ဘယ်နှစ်ခုကို ထပ်မံ လုပ်ဆောင်နိုင်ဦးမလဲဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။