ဘာစီလိုနာအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့legend player ကြီးဖြစ်သူ ရီဗယ်လ်ဒိုက သူ့အသင်းဟောင်းအနေနဲ့ အခု ဆောင်းဈေးကွက်အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူအားဖြည့်သွားသင့်တယ်လို့ အကြံပြု တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် အကယ်ဒမီထွက်ဖြစ်ပြီး ၂၀၁၅မှာ ယူနိုက်တက် စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရလာခဲ့ပေမယ့် ခြေစွမ်းပိုင်း တသမတ်တည်း မပြနိုင်သလို အသင်းတိုက်စစ်ပိုင်းအတွက် အားထားရတဲ့ ကစားသမားလည်း ဖြစ်မလာခဲ့ဘဲ ရုန်းကန်နေရပါတယ်။

Photo Credit : beIN SPORTS

လက်ရှိ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်လက်ထက်မှာလည်း ရပ်ရှ်ဖို့ဒ်က မန်ချက်စတာဒါဘီပွဲစဉ်ထဲ ကစားသမားစာရင်းကနေ ချန်လှပ်ခံရပြီး အဲ့ဒီနောက်ပိုင်းမှာလည်း ဆက်တိုက် ချန်လှပ်ခံခဲ့ရသလို အသင်းကနေ ရှင်းထုတ်ခံရတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတော့တယ်။

ဒီလိုအခြေအနေမျိုး ရှိနေတဲ့ ရပ်ရှ်ဖို့ဒ်က အေစီမီလန် ဒေါ့မွန် ဘာစီလိုနာအသင်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့သလို လက်ရှိမှာတော့ ဒေါ့မွန်နဲ့ ဘာစီလိုနာ နှစ်သင်းတည်းကပဲ ရပ်ရှ်ဖို့ဒ်ကို ချိန်ရွယ်လျက် ရှိနေပါတော့တယ်။ ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး ဘာစီလိုနာ ကစားသမားဟောင်းကြီး ရီဗယ်လ်ဒိုက “သူက ဒီအသင်းမှာ နေရာတစ်နေရာ ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။”

Photo Credit : Football Transfer

“ဘာဖြစ်လို့လဲဆိုတော့ ဘာစီလိုနာက လာမယ့်ပွဲတွေ အများကြီးကို ကစားသွားရဦးမှာ ဖြစ်တာကြောင့် ရပ်ရှ်ဖို့ဒ်လို ထိပ်တန်းကစားသမားတစ်ယောက်ကို ခေါ်လိုက်မယ်ဆိုရင် ဒါက သူ့ကို အခွင့်အရေးတွေ ရလာအောင်လည်း ကူညီပေးနိုင်မှာပါ။ ဒါကို သူလည်း သေချာပေါက် သိပါတယ်။ အသင်းဆီ ရပ်ရှ်ဖို့ဒ် ရောက်လာခြင်းက အပြုသဘောသာ ဖြစ်နိုင်ပါတယ်။”

“ဘာကြောင့်လဲဆိုတော့ ဒါက နည်းပြဖြစ်သူကို ပိုကောင်းတဲ့ အသင်းတစ်သင်း တည်ဆောက်ဖို့အတွက် ကူညီပေးနိုင်ပြီး ကွင်းထဲမှာ ကစားဖို့ ကစားသမား ရွေးချယ်စရာတွေ ပိုများလာနိုင်လို့ပါပဲ။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိတော့ ဘာစီလိုနာက ဖာတီနဲ့ ဂါဆီယာတို့ကို အသင်းမှာသာ ဆက်ထားဖို့ ရှိနေတာကြောင့် ကစားသမား လုပ်ခလစာ အခြေအနေတွေအရ ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူဖို့ ခက်ခဲသွားရပြီပဲ ဖြစ်ပါတယ်။