တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ရစ်ချာလီဆန်က လက်ရှိမှာ ဒူးဒဏ်ရာ ခံစားနေရတာကြောင့် တစ်လခန့်လောက်အထိအနားယူသွားရတော့မယ်လို့ သိရှိရပါတယ်။

အသက် (၂၆)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ ဝုလ်ဗ်နဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ ဒဏ်ရာရရှိသွားခဲ့လို့ ပွဲကစားချိန် (၇၁)မိနစ်မှာ လူစားလဲခဲ့ရပါသေးတယ်။ အခုတော့ ဒီဒဏ်ရာကြောင့် ရစ်ချာလီဆန်က (၂)ပတ်ကနေ (၃)ပတ်ခန့်အထိတောင် အနားယူသွားရပါတော့မယ်။

Photo Credit : talkSPORT

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက စပါးအသင်းမှာ ခြေစွမ်းပြဖို့ရော ဂိုးတွေ သွင်းယူဖို့ပါ ရုန်းကန်ခဲ့ရတဲ့ ရစ်ချာလီဆန်ဟာ ဒီရာသီ နည်းပြသစ် ပိုစတီကိုဂလူး လက်ထက်မှာတော့ သူရဲ့ ဂိုးသွင်းခြေ ပြန်တွေ့နေပြီး ပရီးမီးယားလိဂ် (၂၂)ပွဲကစား (၁၀)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

စပါးမှာ အားအထားရဆုံး ကစားသမား တိုက်စစ်မှူး ဟယ်ရီကိန်း မရှိတော့တဲ့နောက်ပိုင်း ဆွန်ဟောင်မင်နဲ့အတူ အသင်းတိုက်စစ်ပိုင်းကို တာဝန်ယူလာရတဲ့ ဆွန်ဟောင်မင်က ပုံစံကောင်းရနေချိန်မှ အခုလို အနားယူရဖို့ အကြောင်းဖန်လာခြင်းဟာ သူ့အတွက်ရော အသင်းအတွက်ပါ ထိုးနှက်ချက် ဖြစ်လာစေရပါတယ်။

Photo Credit : The Spurs News

ဒီအခြေအနေမှာ စပါးအသင်းက တိုက်စစ်ပိုင်းအတွက် အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ဆွီဒင်တောင်ပံကစားသမား ကူလူဆက်ဗ်စကီးနဲ့ ဆောင်းဈေးကွက်ကမှ ခေါ်ယူထားတဲ့ ဝါနာတို့ကိုသာ ပိုမို အသုံးပြုသွားဖွယ် ရှိနေပြီး ဂျွန်ဆန်နဲ့ ဘရိုင်ယန်ဂေးလ်တို့ကလည်း အရန်စာရင်းမှာ ရှိနေပါလိမ့်မယ်။

စပါးအသင်းကတော့ အိမ်ကွင်းမှာ ဝုလ်ဗ်အသင်းကို အရေးနိမ့်ပြီးနောက် ချယ်လ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲ ကစားဖို့ ရှိပေမယ့် ချယ်လ်ဆီးရဲ့ လိဂ်ဖလားဖိုင်နယ်ကြောင့် ပွဲရွှေ့ထားခဲ့ရပြီး ဒီညမှသာ ခရစ္စတယ် ပဲလေ့စ်နဲ့ လန်ဒန်ဒါဘီ နောက်တစ်ပွဲကို ဆင်နွဲသွားရပါမယ်။