မန်ချက်စတာစီးတီး ကစားသမားဟောင်း မီကာရစ်ချက် သူ့အသင်းဟောင်း စီးတီးအနေနဲ့ ဒီနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေ ဆုဖလား(၃)ခုလုံးကို ရယူနိုင်ဖို့ မဖြစ်နိုင်ပဲ ချန်ပီယံလိဂ်မှာ ရီးယဲလ်မက်ဒရစ်ကို ဖြတ်ကျော်သွားဖို့ ခက်ခဲလိမ့်မယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ လက်ရှိမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသလျက် ရှိနေပြီး ဖလား(၃)လုံး လမ်းကြောင်းပေါ်မှာလည်း ရပ်တည်နေသလို လက်ရှိ form အရဆိုရင်လည်း ဒီဖလားတွေကို သိမ်းပိုက်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ စီးတီးက ပရီးမီးယားလိဂ်မှာ သူ့တပည့် အာတေတာရဲ့ အာဆင်နယ်ကို တစ်ပွဲလျော့ တစ်မှတ်အသာနဲ့ ဦးဆောင်လို့ထားသလို FA Cup မှာလည်း ဖိုင်နယ်ထိ တတ်လှမ်းထားကာ မြို့ခံပြိုင်ဘက် ယူနိုက်တက်နဲ့ တွေ့ဆုံနေပေမယ့် စီးတီးကသာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေရပါတယ်။ ဒါပေမယ့် စီးတီးက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာတော့ မနှစ်က သူတို့အသင်းကို ဖြုတ်ထားခဲ့တဲ့ ချန်ပီယံလိဂ် ဆျာကြီး ရီးယဲလ်နဲ့ ထပ်မံ တွေ့ဆုံနေရပါတယ်။

Micah Richards has said he does not expect Manchester City to win the treble this season

Photo Credit : Daily Mail

စီးတီးရဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး စီးတီး ကစားသမားဟောင်း ရစ်ချက်က “သူတို့တွေ ဆုဖလား (၃)လုံးကို ရယူနိုင်လိမ့်မယ်လို့ ကျွန်တော် မထင်မိပါဘူး။ ကျွန်တော် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပွဲကို စိတ်ပူမိတယ်။ ကျွန်တော် တကယ်ကို စိုးရိမ်မိတယ် ကိုယ့်လူရေ။ ကျွန်တော် သူတို့အသင်းအတွက် စိတ်ပူမိတယ်ဆိုတာကို ရိုးရိုးသားသား ဝန်ခံရပါမယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ရီးယဲလ်မက်ဒရစ်ကို ကျွန်တော်တို့ သဘောမတွေ့မိခဲ့ပါဘူး။ ဒါပေမယ့် သူတို့က မှန်ကန်တဲ့ အခိုက်အတန့်မှာ ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာကို သိထားပါတယ်။”

He said last season's agonising defeat to Real Madrid would not be allowed to happen again

Photo Credit : Daily Mail

“တစ်ခုတည်းသော အချက်က။ ဒုတိယအကျော့ ပွဲစဉ်ဟာ Etihad မှာဖြစ်နေပြီး ဘာနေဗျူးမှာ မဟုတ်ပါဘူး။ အဲ့ဒါက ကွာခြားမှု ဖြစ်သွားနိုုင်ပါတယ်။ ဆုဖလား(၂)ခုကတော့ ဖြစ်နိုင်တယ်။ (၃)ခုက ဖြစ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး” ဆိုပြီး မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာ မန်ယူနိုက်တက် တစ်သင်းတည်းကပဲ (UCL+EPL+FA) ဖလား(၃)လုံးကို ၁၉၉၈-၁၉၉၉ ဘောလုံးရာသီက ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဒီလို အောင်မြင်မှုမျိုးကို မန်စီးတီးက ထပ်မံ လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။