ပရီးမီးယားလိဂ် ပွဲစဥ် (၃၇)ရဲ့ တနင်္ဂနွေနေ့ည ပွဲစဥ်တွေ ပြီးဆုံးသွားပါပြီ။ ဒါပေမယ့် နယူးကာဆယ် နဲ့ လက်စတာပွဲတော့ ကျန်နေပါသေးတယ်။ ဒီညမှ ကစားမှာပါ။ ဒီတစ်ပတ် ပွဲစဥ် (၃၇)ရဲ့ ပွဲ(၉)ပွဲ ပြီးဆုံးချိန်မှာ နော်တင်ဟမ်က တန်းဆင်းဇုန်ထဲက လွတ်မြောက်နိုင်ခဲ့လို့ အဲဗာတန် လိဒ်စ် နဲ့ လက်စတာတို့ (၃)သင်းကပဲ တန်းဆင်းရမယ့် လက်ကျန် (၂)နေရာစာအတွက် အဖြေရှာရပါတော့မယ်။

အဲဗာတန်

ဝုလ်ဗ်ကို အရှုံးကနေ သရေကျအောင် ကစားနိုင်ခဲ့တာ အဲဗာတန်အတွက် တော်သေးတယ်လို့ ပြောရပါမယ်။ ဒီအသင်း(၃)သင်းထဲမှာ လက်ရှိ အဲဗာတန်ရဲ့ ရမှတ်က (၃၃)မှတ် ရှိနေပြီး လိဒ်စ်ထက် (၂)မှတ် လက်စတာထက် (၃)မှတ် သာနေပါတယ်။ တစ်ခါမှကို တန်းမဆင်းဖူးသေးတဲ့ အဲဗာတန်က ရာသီပိတ်ပွဲအဖြစ်နဲ့ ဂွတ်ဒီဆင်ပတ်ခ်မှာ ဘုန်းမောက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲရဖို့ လိုအပ်နေပါတယ်။

လိဒ်စ်

ဝက်စ်ဟမ်းကို ဦးဆောင်ဂိုး သွင်းယူပြီးမှ ရှုံးနိမ့်သွားခဲ့တဲ့ လိဒ်စ်ကတော့ လက်ရှိမှာ (၃၁)မှတ် ရှိနေသေးတာမို့ အခြေအနေ သိပ်မကောင်းတော့ပါဘူး။ ပိုဆိုးတာက သူတို့ရဲ့ ရာသီပိတ်က စပါးနဲ့ ဖြစ်နေတာပါ။ အိမ်ကွင်း အယ်လန်ရုဒ်မှာ စပါးကို အနိုင်ကစားဖို့ လိုနေပြီး အဲဗာတန်ရဲ့ ရလဒ်ကိုပါ စောင့်ကြည့်သွားရဖွယ်လည်း ရှိနေပါတယ်။

လက်စတာ

လက်စတာကတော့ ဒီညမှာ နယူးကာဆယ် နဲ့ အဝေးကွင်း ဝက်စ်ဟမ်းကို အိမ်ကွင်း (၂)ပွဲတောင် ကစားရပါမယ်။ ဒါပေမယ့် အဲ့ဒီ (၂)ပွဲလုံး အမှတ်ပြည့် ရဖို့ဆိုတာ ခက်ခဲပါတယ်။ အနည်းဆုံးတော့ နယူးကာဆယ်ကို သရေ ဝက်စ်ဟမ်းကို အနိုင် ကစားနိုင်မယ်ဆိုရင်တော့ မျှော်လင့်ချက် ရှိနိုင်ပါတယ်။ (၄)မှတ် မဖြစ်မနေ ရဖို့ လိုပါလိမ့်မယ်။ ဒီညပွဲမှာသာ ထပ်ပြီး ရှုံးနိမ့်မယ်ဆိုရင်တော့ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း လက်စတာတို့ တန်းဆင်းဖို့ အရမ်း နီးစပ်သွားရပါလိမ့်မယ်။