ကမ္ဘာ့ အင်အားကြီး ကလပ်အသင်း ရီးယဲလ် မက်ဒရစ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ရေရှည် အသုံးပြုသွားနိုင်မယ့် ကစားသမားအဖြစ် မန်ချက်စတာ စီးတီးအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမားလေး ယူလီယန် အယ်လ်ဗာရက်ဇ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ရီးယဲလ်က လက်ရှိမှာ ဗင်နီစီယပ်စ် ရိုဒရီဂိုတို့လို ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်ကစားသမားတွေ ပိုင်ဆိုင်ထားပေမယ့်လည်း ဆော်ဒီရောက်သွားတဲ့ ဘန်ဇီမာ နေရာမှာ ရေရှည် အစားထိုးနိုင်မယ့် ကစားသမားကို လိုချင်နေသေးပြီး ဘာပေ ဟာလန်းတို့အပြင် အယ်လ်ဗာရက်ဇ်ကိုပါ စိတ်ဝင်စားလာပါတယ်။
Photo Credit : CNN
ရီးယဲလ်အသင်းက ဈေးကွက်တစ်ခုဖွင့်တိုင်းမှာ အသင်းအတွက် အနာဂတ်မှာ ရေရှည် အသုံးပြုသွားလို့ရမယ့် ကြယ်ပွင့် ကစားသမားတွေကို အသုံးစရိတ်များစွာနဲ့ ခေါ်ယူတက်လေ့ရှိပြီး ဒီနွေမှာလည်း ဒေါ့မွန်ရဲ့ အင်္ဂလန် ဆယ်ကျော်သက် ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ယူရို (၁၀၃)သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။
ရီးယဲလ်အနေနဲ့ သူတို့ တကယ်လိုချင်တဲ့ ကစားသမားမျိုးဆို ချက်ချင်း ကောက်ခါငင်ခါ ခေါ်ယူတာမျိုးထက် (၂)ရာသီလောက်အထိ စောင့်ကြည့်တက်သေးပြီး အဲ့ဒီ (၂)ရာသီအတွင်း ခြေစွမ်းပိုင်းအရ သူတို့အတွက် စိတ်ကြိုက်ဖြစ်လောက်ပြီဆိုတာနဲ့ အရ ခေါ်ယူတက်ပါတယ်။
Photo Credit : ESPN
ဒါကြောင့် ရီးယဲလ်က လာမယ့်နှစ်နွေမှာ အသင်းတိုက်စစ်ပိုင်းအတွက် မန်စီးတီးရဲ့ အာဂျင်တီးနား ကြယ်ပွင့်လေး အယ်လ်ဗာရက်ဇ်ကို ပစ်မှတ်ထားထားလျက် ရှိနေပြီး သူတို့ တကယ် အလိုရှိနေတဲ့ ဘာပေ ဟာလန်းတို့ထက် အယ်လ်ဗာရက်ဇ်ကိုပဲ ပိုမို ဦးစားပေး ကမ်းလှမ်းဖို့လည်း ရှိနေပါတယ်။
မန်စီးတီးအသင်းအနေနဲ့ကတော့ ဟာလန်းရော အယ်လ်ဗာရက်ဇ်ပါ နှစ်ယောက်လုံးဖြစ်ဖြစ် တစ်ယောက်ချင်းဖြစ်ဖြစ် လက်လွတ်ဖို့ အစီအစဉ် မရှိနိုင်ပေမယ့်လည်း ကစားသမားဘက်က ရီးယဲလ်လို အသင်းမျိုးကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိလာမယ်ဆိုရင်တော့ သူတို့ သတ်မှတ်ထားတဲ့ တန်ကြေးမျိုးနဲ့ ရောင်းထုတ်သွားနိုင်ပါတယ်။