ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီဟာနန်ဒက်ဇ်က စပိန်လာလီဂါ အမှတ်ပေး ချန်ပီယံဆုအတွက် သူတို့အသင်း တစ်သင်းတည်းသာ လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နေတာ မဟုတ်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်းလည်း သူတို့ကို အမှီလိုက်နိုင်သေးကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Real Madrid, Barcelona continue title race in La Liga - Times of Oman

Photo Credit : Time of Oman

ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ရလဒ်ကောင်းတွေ ဆက်တိုက် ရယူထားန်ိုင်ခဲ့ရင်းနဲ့ အမှတ်ပေးဇယား ဒုတိယနေရာက ရီးယဲလ်အသင်းကိုပါ (၁၁)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရီးယဲလ်က ပြီးခဲ့တဲ့ ရက်ပိုင်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် လာလီဂါပွဲစဉ်ကို ပွဲရွေ့ထားခဲ့ရပြီး တကယ်လို့ အဲ့ဒီပွဲကိုသာ အန်ိုင်ရလိုက်မယ်ဆိုရင်တော့ ဇယားထိပ်က ဘာစီလိုနာနဲ့( ၈)မှတ်သာ ပြန်ကွာဟတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Real Champs

ဒီအခြေအနေမျိုးမှာ ဘာစီလိုနာနည်းပြ ဇာဗီက “လာလီဂါ ချန်ပီယံဆုအတွက် ပြိုင်ပွဲအတွင်း ဖြတ်ကျော်လို့ မရနိုင်တဲ့ ဦးဆောင်မှုတစ်ခုလား။ အဲ့လိုတော့ ရှိမနေပါဘူး၊။ ဆက်လက်ပြီး ကစားသွားရမယ့် ပွဲစဉ်တွေ အများကြီးကို ကျန်ရှိနေပါသေးတယ်လို့ မာကာသတင်းစာနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုသွားခဲ့ပါတယ်။

Spanish Super Cup: Real Madrid vs Barcelona Preview | BT Sport

Photo Credit : BT

ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာ ဒီနှစ် ဘောလုံးရာသီအတွင်းမှာ (၅) ကြိမ်အထိကို ထိပ်တိုက် တွေ့ဆုံရမှာဖြစ်ပြီး လာလီဂါပွဲစဉ်အဖြစ် ပထမဆုံး ဆုံတွေ့ခဲ့စဉ်က ရီးယဲလ် အနိုင်ရခဲ့သလို စပိန်စူပါဖလား ဖိုင်နယ်အဖြစ် ထပ်မံ တွေ့ဆုံရာမှာတော့ ဘာစီလိုနာက ရှုံးကြွေးပြန်ဆပ်ရင်း စူပါဖလားကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီလို တွေ့ဆုံမှုတွေအပြင် စပိန်ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် နှစ်ကျော့လုံးမှာလည်း တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံနေပြန်ပြီး နောက်ဆုံးတွေ့ဆုံမှုကတော့ ဘာစီလိုနာရဲ့ နူးကမ့်မှာဖြစ်ကာ လာလီဂါ ဒုတိယအကျော့ပွဲအဖြစ် ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။