ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြကြီး ကားလို့အန်စလော့တီက သူ့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် စီးရီးအေရဲ့ တိုက်စစ်ကြယ်ပွင့်တွေဖြစ်တဲ့ နာပိုလီ တိုက်စစ်ကစားသမား ဗစ်တာအိုဆင်မန်နဲ့ အေစီမီလန် တိုက်စစ်ကစားသမား ရာဖယ်လီယာအိုတို့ကို ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။

Real Madrid | Hazard-Vinicius-Benzema trident a tantalizing prospect  against Bayern Hazard-Vinicius-Benzema trident a tantalizing prospect  against Bayern - AS USA

Photo Credit : AS English

ရီးယဲလ်အသင်းမှာ တိုက်စစ်ပိုင်းမှာ 2022 Ballon d’Or Winner ကြီး ဘန်ဇီမာ အပါအဝင် ဗင်နီစီယပ်စ် ဟာဇက် ရိုဒရီဂိုနဲ့ မာရီယာနိုဒီယက်ဇ်တို့ ရှိနေပေမယ့် ဘန်ဇီမာ ဗင်နီစီယပ်စ်နဲ့ ရိုဒရီဂိုတို့လောက်သာ အသင်းအတွက် အားထားနေရသလို ဘန်ဇီမာကလည်း ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းနေရတာကြောင့် ဘန်ဇီမာ မပါဝင်နိုင်တဲ့ တိုက်စစ်က အားနည်းသွားသလို ဖြစ်နေရပါတယ်။ နွေဈေးကွက်တုန်းကလည်း ကွင်းလယ်နဲ့ ခံစစ်ပိုင်းတွေအတွက်သာ ကစားသမား တစ်ဦးစီ ဖြည့်တင်းထားခဲ့ရတာကြောင့် လာမယ့် ဆောင်းဈေးကွက်ထဲမှာ တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးကို အလိုရှိလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Sempreinter

တကယ်တော့ အန်စလော့တီရဲ့ ရီးယဲလ်အသင်းဟာ နွေတုန်းက ပီအက်စ်ဂျီစတား ကီလီယန်အမ်ဘာပေကို ခေါ်ယူနိုင်ဖို့အတွက် နီးစပ်ခဲ့ပြီးမှ ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးခဲ့သလို ဟာလန်းမှာလည်း ဒေါ့မွန်ကနေ မန်စီးတီးကို ရောက်ရှိသွားခဲ့တာကြောင့် ရီးယဲလ်ဘက်က တိုက်စစ်ကစားသမား ခေါ်ယူဖို့ကို လက်လျော့လိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ချယ်လ်ဆီးကစားသမားဟောင်း ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း ဟာဇက်က ဘန်ဇီမာရဲ့ back-up အဖြစ် ကစားဖို့ အဆင်မပြေသလို ဘန်ဇီမာကိုယ်တိုင် fitness အပိုင်းမှာ ရုန်းကန်နေရတာကြောင့် အန်စလော့တီက ဇန်နဝါရီမှာပဲ တိုက်စစ်မှူးသစ်တွေ ခေါ်ယူဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူရဲ့ အသင်းဟောင်းတွေဖြစ်တဲ့ နာပိုလီနဲ့ အေစီမီလန်တို့က တိုက်စစ်ကြယ်ပွင့်တွေဖြစ်တဲ့ အိုဆင်မန်နဲ့ လီယာအိုတို့ကို ခေါ်ယူချင်နေပြီး ဒီကစားသမားတွေကို ခေါ်ယူပေးဖို့ကိုလည်း အသင်းဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်ဆီ တောင်းဆိုထားတယ်လို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ထိပ်တန်းကစားသမားတွေကို ဆောင်းဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ဆိုတာ မလွယ်ကူနိုင်ပေမယ့် အိုဆင်မန်ထက် စာချုပ်ကိစ္စ မရေရာမှုတွေ ရှိနေရတဲ့ လီယာအိုကိုတော့ မီလန်ကနေ ခေါ်ယူနိုင်ဖို့ဆိုတာကတော့ ပြောင်းရွှေ့ကြေးအပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လာနိုင်ပါတယ်။