ပြင်သစ်လီဂူးရဲ့ အင်အားအကြီးမားဆုံး ကလပ်အသင်း ပီအက်စ်ဂျီဟာ အခု ၂၀၂၃ခုနှစ်ရဲ့ နှစ်အစပိုင်လေးမှာတင် ရှုံးပွဲပေါင်း (၅)ပွဲအထိတောင် ရှိထားခဲ့ရလို့ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် တစ်နှစ်တာအတွင်း ရရှိခဲ့တဲ့ ရှံးပွဲ အရေအတွက်ထက်ပင် (၁)ပွဲ ကျော်လွန်ထားခဲ့ရပြီ ဖြစ်ပါတယ်။

PSG có nguy cơ hỏng cả mùa giải vì mâu thuẫn nội bộ - Thể thao

Photo Credit : Zing

လီယွန်နယ်မက်ဆီ နေမာ ကီလီယန်အမ်ဘာပေတို့ရဲ့ ပီအက်စ်ဂျီအသင်းဟာ ၂၀၂၃ခုနှစ်ရဲ့ ပထမဆုံးသော ပွဲစဉ်မှာပဲ လီဂူးကလပ် လန်းစ်အသင်းကို ရှုံးနိမ့်ခဲ့ရပြီး နှစ်အစပိုင်းမှာ တာထွက် မလှမပ ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ပြင်သစ်ဖလားမှာ အသင်းငယ်လေး တစ်သင်းကို အနိုင်ယူခဲ့ပြီး လီဂူးမှာလည်း အန်ဂါစ်ကို ထပ်မံ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ရန်းစ်အသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ လီဂူးပွဲစဉ်ထဲ ထပ်မံ ရှုံးပွဲတွေ့ခဲ့ပြန်ပါတယ်။

PSG Latest News, Transfers & Fixtures - The Sun

Photo Credit : The Sun

အဲ့ဒီနောက်မှာတော့ ပီအက်စ်ဂျီက အယ်လ်နာဆာ+အယ်လ်ဟီလာ ညွှန့်ပေါင်းအသင်းနဲ့ ခြေစမ်းပွဲ Pays de Cassel အသင်းနဲ့ ပြင်သစ်ဖလားပွဲတွေမှာ နိုင်ပွဲတွေ ပြန်ခဲ့ရပြီး Reims ကို အိမ်ကွင်းမှာ နောက်ကျ ချေပဂိုးနဲ့ တစ်မှတ် ခွဲပေးလိုက်ရပါတယ်။ အဲ့ဒီနောက် လီဂူးမှာ မွန့်ယ်လီယာ တူးလော့စ်တို့ကို တောက်လျှောက် အနိုင်ယူခဲ့ရင်း ခါးသီးပြိုင်ဘက် မာဆေးလ်ကို ပြင်သစ်ဖလား (၁၆)သင်းအဆင့်မှာ ရှုံးနိမ့်ရင်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

PSG - latest news, breaking stories and comment - The Independent

Photo Credit : The Independent

မာဆေးလ်နဲ့ ရှုံးပွဲအပြီး လီဂူးမှာ မိုနာကိုအသင်းနဲ့ ထပ်မံ ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။ မက်ဆီ ဘာပေတို့ မပါဝင်နိုင်တဲ့ ပွဲစဉ် ဖြစ်ပေမယ့်လည်း ပထမပိုင်း မိနစ်(၂၀)လောက်ကတည်းက (၂)ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့ရင်းကနေ ပွဲအပြီးမှာတော့ (၃-၁)ဆိုတဲ့ ရလဒ်နဲ့ကို ရှုံးသွားခဲ့ရပါတယ်။ ဒီပွဲအပြီးမှာတော့ အသင်းအတွက် အလွန် အရေးပါလှတဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပွဲစဉ်အဖြစ် ဘိုင်ယန်နဲ့ တွေ့ဆုံခဲ့ရင်း ကစားသမားဟောင်း ကင်စလေကိုးမန်းရဲ့ ဂိုးနဲ့ အိမ်ကွင်း ထပ်မံ ရှုံးနိမ့်ခဲ့ရပါတယ်။ ပြိုင်ပွဲစုံ (၃)ပွဲဆက်တိုက်ထိ ရှုံးနိမ့်ထားရတဲ့ ပီအက်စ်ဂျီဟာ ပြင်သစ်ဖလားကနေ (၂)နှစ်ဆက်တိုက် (၁၆)သင်းအဆင့်နဲ့ ထွက်ခွာထားရသလို ချန်ပီယံလိဂ်မှာလည်း အဝေးကွင်း နိုင်ပွဲရသွားတဲ့ ဘိုင်ယန်ကို ပြန်လည် ကျော်ဖြတ်ဖို့က ပိုမို ခက်ခဲသွားနိုင်ပါတယ်။