ဒီနွေမှာ ကစားသမားသစ် ဖြည့်တင်းမှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းကို စူပါ အေးဂျင့် ဂျော့မန်ဒက်စ်က သူရဲ့ ကစားသမား ဂျာအို ဖေးလစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ပီအက်စ်ဂျီကတော့ မန်ဒက်စ်ရဲ့ ကမ်းလှမ်းထားမှုကို လက်မခံပဲ ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit : The Athletic

   ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဒုတိယ ရာသီဝက်မှာ ချယ်လ်ဆီးအသင်းဆီ (၆)လအငှားနဲ့ လာရောက် ကစားဖြစ်ခဲ့တဲ့ ဂျာအို ဖေးလစ်ဟာ ချယ်လ်ဆီးက သူ့ကို အပြီးသတ် မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သူရဲ့ မူလ ကလပ်အသင်း အသက်လက်တီကို မက်ဒရစ်ဆီသာ ပြန်သွားခဲ့ရပါတယ်။ အသက်လက်တီကိုဘက်ကလည်း ဖေးလစ်ရဲ့ ကျောနံပါတ် (၇)ကို ဂရီးဇ်မန်းထံ လွှဲပြောင်းပေးထားတဲ့အတွက် ဖေးလစ် အနာဂတ်က အတော်လေး ဝေဝါးလာခဲ့ရပြီး ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေပါ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : The National

   ဖေးလစ်ကို မန်ချက်စတာ ယူနိုက်တက် ၊ နယူးကာဆယ် နဲ့ အက်စတွန် ဗီလာအသင်းတို့က တစ်ရာသီ အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပေမယ့်လည်း ဖေးလစ်ကိုယ်တိုင်ကတော့ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကိုသာ စောင့်ဆိုင်းလို့နေပြီး သူ့အေးဂျင့် မန်ဒက်စ်ကလည်း သူ့ကစားသမား ဖေးလစ်ကို ခေါ်ယူမလားလို့ ပီအက်စ်ဂျီအသင်းဆီ ကမ်းလှမ်းခဲ့ရာ ပီအက်စ်ဂျီက မန်ဒက်စ် ကမ်းလှမ်းမှုအား ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Twitter

   ပီအက်စ်ဂျီအသင်းက လက်ရှိမှာ အသင်း တိုက်စစ်ပိုင်းအတွက် တော့တင်ဟမ်ဟော့ စပါးအသင်းရဲ့ အင်္ဂလန် တိုက်စစ် ကစားသမား ဟာရီကိန်း နဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ ဆာဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်တို့ကိုသာ စိတ်ဝင်စားနေပြီး လတ်တလော အခြေအနေတွေအရ ဗလာဟိုဗစ်ကို ခေါ်ယူဖို့က ဖြစ်နိုင်ခြေ အရှိဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။