မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ဖရက်ဒ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူ့အသင်းဖော်တွေဖြစ်တဲ့ မားကပ်စ်ရပ်ရှ်ဖို့ဒ် ဒီယိုဂိုဒါလော့ လုခ်ရှောတို့နဲ့အတူ စာချုပ်ပါ သဘောတူညီမှုအတိုင်း ယူနိုက်တက်အသင်းနဲ့ တစ်နှစ် သက်တမ်းတိုးထားခဲ့ပေမယ့်လည်း သူ့ကို လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဘက်က အံ့အားသင့်ဖွယ် စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Manchester United não deve renovar contrato de Fred, diz jornal

Photo Credit : TNT Sports

ဖရက်ဒ်ဟာ လာမယ့် ၂၀၂၃ခုနှစ် နွေရာသီမှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့်လည်း ယူနိုက်တက်က ဖရက်ဒ်ကို ရှက်တာဒိုးနက်အသင်းကနေ ခေါ်ယူခဲ့စဉ်ကတည်းက (၅)နှစ်+အပို(၁)နှစ်ကို ထည့်သွင်း ချုပ်ဆိုထားခဲ့တာဖြစ်လို့ လာမယ့်နွေမှာ ဖရက်ဒ်ကို free transfer နဲ့ လက်မလွတ်ရဖို့အတွက် အပို(၁)နှစ် ထပ်တိုးခွင့်ကို ယူနိုက်တက်ဘက်က အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖရက်ဒ်ကို ပီအက်စ်ဂျီအသင်းက အသင်းဆီ ခေါ်ဆောင်ဖို့ စိတ်ဝင်စားလို့နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။

Fred, do Manchester United e da Seleção Brasileira, conta para quem irá  torcer na final da Libertadores - Esporte News Mundo

Photo Credit : Esporte News Mundo

ဗြိတိန်နာမည်ကျော် သတင်းစာ The Sun ရဲ့ ဖော်ပြချက်တွေအရ ပီအက်စ်ဂျီအသင်းဟာ ဖရက်ဒ်ကို ရှက်တာဒိုုးနက်အသင်းမှာ ကစားနေစဉ်ကတည်းက ခေါ်ယူချင်ခဲ့တာဖြစ်ပြီး လက်ရှိ ပီအက်စ်ဂျီမှာလည်း ဘရာဇီးလ် ကစားသမားတွေဖြစ်တဲ့ နေမာ မာကွင်ဟို့စ်တို့ ရှိနေတဲ့အတွက် နောက်ထပ် ဘရာဇီးလ် ကစားသမားဖြစ်သူ ဖရက်ဒ်ကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိ ကွင်းလယ်လူ ဖရက်ဒ်ဟာ ၂၀၁၈ခုနှစ်ကတည်းက ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီ နည်းပြတန်ဟက်ဂ်လက်အောက်မှာတော့ ဖရက်ဒ်က ပွဲကစားခွင့်တွေ အကန့်အသတ်နဲ့သာ ရရှိနေပြီး အခုလည်း Option for a further year ကို အသုံးပြုကာ တစ်နှစ် ထပ်မံ သက်တမ်းတိုးထားခဲ့ပေမယ့် အသင်းဘက်ကတော့ ဖရက်ဒ်ကို ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေပါတယ်။ ဒါကြောင့် ဒီအခြေအနေကို ပီအက်စ်ဂျီဘက်က အသုံးချသွားမလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်သလို ပီအက်စ်ဂျီက ဖရက်ဒ်သာမကပဲ နောက်ထပ် ယူနိုက်တက် ကြယ်ပွင့်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ကိုပါ ခေါ်ယူသွားဖို့ ဆန္ဒရှိနေတာကြောင့် လာမယ့် ဈေးကွက်တွေအတွင်း ဒီကစားသမား(၂)ဦးအတွက် ကမ်းလှမ်းမှုတွေ ရှိလာနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။