ပီအက်စ်ဂျီအသင်းက ဘာစီလိုနာအသင်းရဲ့ တိုက်စစ် ကစားသမား အူစမန် ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ဘာစီလိုနာ ကစားသမားဟောင်း နေမာကိုပါ အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ ထည့်သွင်းခဲ့သေးတယ်လို့ GOAL España ကနေ ဖော်ပြသွားခဲ့ပါတယ်။

ပီအက်စ်ဂျီက ဘာစီလိုနာရဲ့ ပြင်သစ် တောင်ပံ တိုက်စစ် ကစားသမား ဒမ်ဘီလီကို သူရဲ့ စာချုပ်လျော်ကြေး တန်ဖိုးဖြစ်တဲ့ ယူရို သန်း (၅၀)ကို ဘာစီလိုနာအသင်းထဲ အပြည့်အဝ ပေးချေရမှာဖြစ်ပြီး ဒီလျော်ကြေးကနေ ဒမ်ဘီလီရဲ့ ထက်ဝက် အကျိုးခံစားခွင့် ယူရို (၂၅)သန်းကိုပါ ထပ်မံ ပေးချေသွားရမှာ ဖြစ်ပါတယ်။

Photo Credit : Twitter

ဘာစီလိုနာ နဲ့ ဒမ်ဘီလီတို့ကြားမှာ သတ်မှတ်ထားတဲ့ စာချုပ်လျော်ကြေးအရ စာချုပ် ဖျက်သိမ်းမယ်ဆိုရင် ဖျက်သိမ်းကြေးကို အသင်း နဲ့ ကစားသမား(အေးဂျင့်ပါ အပါအဝင်)ထက်ဝက်စီ အကျိုးခံစားခွင့် ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

တကယ်တော့ ဒမ်ဘီလီရဲ့ စာချုပ်လျော်ကြေး ယူရို သန်း(၅၀)က ဇူလိုင် (၃၁)ရက်နေ့အထိသာ ဖြစ်ပြီး အဲ့ဒီရက် ကျော်လွန်တာနဲ့ ယူရို သန်း(၁၀၀)အထိ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအနေနဲ့ကလည်း ဒမ်ဘီလီကို ရက်ပိုင်းအတွင်း ခေါ်ယူဖို့က မလွယ်ကူတာကြောင့် ဘာစီလိုနာအသင်းနဲ့ ထပ်မံ ညှိနှိုင်းမှု လုပ်ဆောင်ခဲ့ပါတယ်။

Photo Credit : Twitter

အဲ့ဒါကတော့ ဘာစီလိုနာအသင်းဆီ နေမာကို တစ်ရာသီ အငှားချပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုဖြစ်ပြီး ဒီကမ်းလှမ်းချက်ကိုတော့ ဘာစီလိုနာဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီအနေနဲ့ နောက်ထပ် ကမ်းလှမ်းမှုဖြစ်တဲ့ ပီအက်စ်ဂျီအတွက် စာချုပ်လျော်ကြေး ယူရို သန်း(၅၀) + ဒမ်ဘီလီ နဲ့ သူ့အေးဂျင့်အတွက် ယူရို (၂၅)သန်း ပေါင်း ယူရို (၇၅)သန်း ကမ်းလှမ်းမှုနဲ့မှသာ အဆင်ပြေသွားခဲ့ရပါတယ်။

နေမာကို အသင်းဆီ တစ်ရာသီ အငှားနဲ့ ရရှိမယ့် အခွင့်အရေးကိုတော့ ဘာစီလိုနာနည်းပြ ဇာဗီကိုယ်တိုင်ကပါ စိတ်ဝင်စားခြင်း မရှိပဲ အသင်းအတွက် နေမာကို မလိုအပ်ဘူးဆိုပြီး ပယ်ချခဲ့ခြင်း ဖြစ်တယ်လို့ သိရှိရပါတယ်။