ပြင်သစ်လီဂူးရဲ့ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ အင်တာမီလန်အသင်းရဲ့ ဆလိုဗက်ကီးယား နောက်ခံကစားသမား မီလန်ရှကရီညာကို ခေါ်ယူဖို့ အဆင်မပြေဖြစ်ခဲ့မယ်ဆိုရင် လက်စတာစီးတီးအသင်းရဲ့ ပြင်သစ်နောက်ခံလူ ဝက်စလေဖိုဖာနာကို ပြောင်းလဲ ပစ်မှတ်ထားသွားဖွယ် ရှိနေတယ်လို့ ပြင်သစ်သတင်းမီဒီယာ Le10sport ကနေ ဖော်ပြသွားခဲ့ပါတယ်။

Chelsea ready to make move for Leicester's Wesley Fofana

Photo Credit : 90Min

ပီအက်စ်ဂျီအသင်းဟာ နွေဈေးကွက်ထဲမှာ ကွင်းလယ်လူ ဗီတင်ညာ တိုက်စစ်ကစားသမားလေး အက်ကီတိုက်ခ်နဲ့ ညာနောက်ခံလူ မူခေလေတို့ကို ခေါ်ယူထားခဲ့သလို နူနိုမန်ဒက်စ်ကိုလည်း အပြီးသတ် ခေါ်ယူထားပြီး ခံစစ်ပိုင်းအတွက်ကိုတော့ အင်တာရဲ့ နောက်ခံလူ ရှကရီညာကို အဓိကပစ်မှတ်ထားနေပါတယ်။ ပီအက်စ်ဂျီဘက်က ဆလိုဗက်ကီးယားလက်ရွေးစင် နောက်ခံလူ ရှကရီညာကို main target အဖြစ်နဲ့ သတ်မှတ်ထားလိုသလို ခေါ်ဆောင်နိုင်ဖို့လည်း ကြိုးပမ်းနေပေမယ့် အင်တာက တိုရီနိုနောက်ခံလူ ဘရေမာကို မခေါ်ယူနိုင်ခဲ့တာကြောင့် ရှကရီညာကို ရောင်းထုတ်ဖို့က မဖြစ်နိုင်တော့တဲ့အတွက် ပီအက်စ်ဂျီက ရှကရီညာအစား ဖိုဖာနာကို ပြောင်းလဲ ပစ်မှတ်ထားလာဖွယ် ရှိနေတာ ဖြစ်ပါတယ်။

Wesley Fofana: Chelsea working on deal to sign Leicester City central  defender | Transfer Centre News | Sky Sports

Photo Credit : Sky Sports

အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ပြင်သစ်ခံစစ်မှူးလေး ဖိုဖာနာဟာ လက်စတာအသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်ပြီး လီဂူးကလပ် စိန့်အက်တီယန်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ဖိုဖာနာဟာ လက်စတာအသင်းဆီကို ၂၀၂၀ခုနှစ်ကမှ စိန့်အက်တီယန်အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှလည်း ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားတာဖြစ်လို့ ဒီကစားသမားကို ခေါ်ယူဖို့အတွက်က ထင်ထားတာထက်တောင် ခက်ခဲဖွယ် ရှိနိုင်ပါတယ်။ လူငယ် နောက်ခံကစားသမား ဖိုဖာနာကို ချယ်လ်ဆီးအသင်းက အမှန်အကန် အလိုရှိနေပြီး အခုလက်ရှိမှာတော့ ချယ်လ်ဆီးနဲ့အပြိုင် ပီအက်စ်ဂျီကပါ ဖိုဖာနာကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီဟာ အခုဈေးကွက်ထဲမှာပဲ ပြင်သစ်ကစားသမားတွေဖြစ်တဲ့ အက်ကီတိုက်ခ်နဲ့ မူခေလေတို့ကို ခေါ်ယူထားခဲ့တာဖြစ်လို့ အခုလည်း ပြင်သစ်ယူ-၁၈ ကစားသမား ဖိုဖာနာကိုပါ အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်စတာဘက်ကတော့ သူတို့ရဲ့ ကစားသမား ဖိုဖာနာအတွက် ပြောင်းရွှေ့ကြေးကို ယူရို(၉၆)သန်း သန်း(၁၀၀)ဝန်းကျင်လောက်အထိကို ဈေးသတ်မှတ်ထားတာဖြစ်လို့ ဒီတန်ကြေးက ချယ်လ်ဆီးအတွက်ရော ပီအက်စ်ဂျီအတွက်ပါ ခက်ခဲရနိုင်ပြီး ချယ်လ်ဆီးကလည်း ဖိုဖာနာထက် လိုက်ပ်ဇစ်နောက်ခံလူ ဂါဗာဒီယိုကို ပြောင်းလဲပစ်မှတ်ထားနိုင်သလို ပီအက်စ်ဂျီကလည်း တခြားခံစစ်မှူးတစ်ဦးကို ထပ်မံ ပြောင်းလဲပစ်မှတ်ထားရဖွယ် ရှိနေပါတယ်။