တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြဖြစ်သူ အိန့်ဂျ် ပိုစတီကိုဂလူးက အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၃)ပွဲဆက်တိုက်အထိ ရှုံးပွဲ တွေ့ကြုံထားခဲ့ရပေမယ့်လည်း ဗီလာနဲ့ ရှုံးပွဲအတွင်း အသင်းသားတွေရဲ့ ကစားအားကိုတော့ ဂုဏ်ယူမိတယ်လို့ ပြောကြားလိုက်ပါတယ်။

စပါးအသင်းဟာ နည်းပြသစ် ပိုစတီကိုဂလူးလက်ထက် ဒီရာသီအတွင်း ပရီးမီးယားလိဂ် (၁၀)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပေမယ့်လည်း ချယ်လ်ဆီးနဲ့ပွဲမှာ စတင် ရှုံးပွဲတွေ့ခဲ့ရာကနေ ဝုလ် ဗီလာတို့ကိုပါ ဆက်တိုက် ရှုံးနိမ့်သွားခဲ့ရပါတယ်။

Photo Credit : Squawka X

ရာသီအစပိုင်း (၁၀)ပွဲ ကစားပြီးချိန် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ စပါးအသင်းက လက်ရှိမှာတော့ Top 4 ပြင်ပထိတောင် ရောက်ရှိသွားခဲ့ပြီး မနေ့က အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတဲ့ ဗီလာကိုပါ အဆင့် (၄)နေရာ ဖယ်ပေးလိုက်ရပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး ပိုစတီကိုဂလူးက “ရလဒ်တွေ ခက်ခဲပေမယ့် ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုကနေ ဒီလို ရလဒ်မျိုး ထွက်ပေါ်လာလို့ ကျွန်တော် မပျော်ရွှင်နိုင်ပါဘူး။ ကျွန်တော်ကတော့ ကစားသမားတွေအတွက် ဂုဏ်ယူမိပါတယ်။”

Photo Credit : Ben Jacobs X

“ကျွန်တော်တို့ ဒီပွဲမှာ အတော်လေး ကောင်းမွန်အောင် ကစားနိုင်ခဲ့တယ်လို့လည်း ထင်မိပါတယ်။ နောက်ပွဲတွေမှာတော့ ကျွန်တော်တို့တွေ ပွဲကို သက်တောင့်သက်သာ ကစားပြီး နိုင်ပွဲ ပြန်ရှာတွေ့နိုင်လိမ့်မယ်လို့လည်း ထင်မိပါတယ်။”

“အရှုံးရလဒ်ပေါ် စိတ်မပျက်မိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသင်း ကောင်းမွန်စွာ ကစားနိုင်ခဲ့တယ်။ ကျွန်တော် မှာကြားထားတဲ့အတိုင်း ကစားသမားတွေ အကုန် လိုက်ကစားပေးနိုင်ခဲ့တယ်။ တစ်ခါတစ်လေမှာတော့ ပွဲရလဒ်တွေက လိုချင်တဲ့အတိုင်း ဖြစ်မလာတာတွေ ရှိတက်ပါတယ်။ ဒီပွဲမှာတော့ ကစားသမားတွေက ကျွန်တော်ရဲ့ ကစားပုံအောက်မှာ သေချာ လိုက်ကစားပေးနိုင်ခဲ့တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။