ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် လာမင်း ယာမယ်လ်နဲ့ ပတ်သက်တဲ့ ဘောလုံးပြင်ပ အငြင်းပွားမှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်။ အသက် ၂၉ နှစ်အရွယ် အပြာရုပ်ရှင်မင်းသမီး ကလော်ဒီယာ ဘာဗယ်က သူ့ကို ယာမယ်လ်က ငြင်းပယ်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းဆိုလိုက်ပါတယ်။

ဘာဗယ်ဟာ ယာမယ်လ်ရဲ့ သူတို့နှစ်ဦးကြား ဆက်ဆံရေးလို့ စွပ်စွဲခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြန်လည်ပြောဆိုခဲ့ပါတယ်။ သူတို့နှစ်ဦးကြား ဘာမှမဖြစ်ခဲ့ကြောင်း ဒါပေမဲ့ ယာမဲလ်ကသာ စတင်ဆက်သွယ်ပြီး တွေ့ဆုံဖို့ တောင်းဆိုခဲ့တာဖြစ်ကြောင်း သူမက ပြောပါတယ်။ ဒါ့အပြင် ယာမဲလ်က သူတို့နှစ်ဦး မတွေ့ဖူးဘူးလို့ ပြောဆိုထားပေမဲ့ သူမတို့ဟာ ပါတီပွဲတွေမှာ အကြိမ်ကြိမ် တွေ့ဆုံဖူးတယ်လို့ အသက် ၁၇ နှစ်အရွယ် ဘာစီလိုနာကြယ်ပွင့်ရဲ့ စကားကို ဆန့်ကျင်ပြီး သူမက ပြောဆိုခဲ့ပါတယ်။

Photo Credit : SPORT

ဘာဗယ်က သူ့ရဲ့ Instagram story မှာ အခုလို ရေးသားခဲ့ပါတယ်။ “ကျွန်မ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၀၂၅ မှာ လူသိရှင်ကြား မပြောဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ လာမင်း ယာမယ်လ်က TardeAR မှာ ကျွန်မတို့ကြားက ဆက်ဆံရေးလို့ စွပ်စွဲခံရတာကို ထုတ်ပြောခဲ့တဲ့အတွက် ကျွန်မရဲ့ဘက်က အကြောင်းအရာကို ရှင်းရှင်းလင်းလင်းနဲ့ လေးစားမှုရှိရှိ မျှဝေတာက သင့်လျော်တယ်လို့ ထင်ပါတယ်။ သူက သူ့အမေနဲ့ အတူနေတယ်လို့ ပြောပေမယ့် တကယ်တမ်းကျတော့ သူတစ်ယောက်တည်း နေတာပါ။ သူက ကျွန်မကို ငြင်းပယ်ခဲ့တယ်လို့ ပြောပေမယ့် သူကပဲ ကျွန်မကို ဆက်သွယ်ပြီး တွေ့ဖို့ တောင်းဆိုခဲ့တာပါ။ ကျွန်မတို့ မတွေ့ဖူးဘူးလို့ သူငြင်းပေမယ့် လူမှုရေးပွဲတွေမှာ အကြိမ်ကြိမ် တွေ့ဆုံဖူးပါတယ်။ ထိခိုက်စေတဲ့ ဂုဏ်သိက္ခာကျဆင်းစေတဲ့ မက်ဆေ့ချ်တွေကို ရပ်တန့်ပေးဖို့ လေးစားစွာ တောင်းဆိုပါတယ်။”

“ကျွန်မ ဘယ်တုန်းကမှ အရွယ်မရောက်သေးသူ တစ်ဦးတစ်ယောက်နဲ့မှ ဘယ်လိုဆက်ဆံရေးမျိုးမှ မရှိခဲ့ပါဘူး။ ဘယ်တုန်းကမှ တွေ့ဆုံဖို့ ချိန်းဆိုခဲ့တာလည်း မရှိပါဘူး။ နာမည်ကြီးမှု ဒါမှမဟုတ် ငွေကြေးနဲ့ ပတ်သက်တဲ့ အစီအစဉ်လည်း ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကျွန်မတို့ နှစ်ဦး သဘောတူညီတဲ့ တစ်ခုတည်းသော အရာကတော့ ကျွန်မတို့ကြား ဘယ်လိုတွေ့ဆုံမှု ဒါမှမဟုတ် အခြေအနေမျိုးမှ မဖြစ်ခဲ့ဘူးဆိုတာပါပဲ။ ခေါင်းစီးသတင်းတွေနဲ့ လူထုအမြင်ရဲ့ နောက်ကွယ်မှာ လူသားတွေ ရှိပါတယ်။ လေးစားစွာနဲ့ နားလည်ပေးဖို့နဲ့ ထိန်းထိန်းသိမ်းသိမ်း ရှိပေးဖို့ တောင်းဆိုပါတယ်။” တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

Photo Credit : Sportskeeda

ယာမယ်လ်ဟာ ဒီအပြာရုပ်ရှင်မင်းသမီးက သူ့ကို “ထောင်နဲ့ချီတဲ့ မက်ဆေ့ချ်တွေ” ပို့ပြီး တွေ့ဖို့ တောင်းဆိုခဲ့တယ်လို့ ပြောဆိုခဲ့ပြီးနောက် ဘာဗယ်နဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အရင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ယာမယ်လ်ကတော့ သူမကို ဘယ်တုန်းကမှ မတွေ့ဖူးဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့ပြီး သူမရဲ့ ပြောဆိုမှုတွေဟာ လုံးဝ လိမ်ညာမှုတွေဖြစ်ပြီး သူကသာ သူမကို ငြင်းပယ်ခဲ့တာလို့ ပြောခဲ့ပါတယ်။ ဒီပြန်လှန်ပြောဆိုမှုတွေမှာ သူတို့နှစ်ဦး သဘောတူညီပုံရတဲ့ တစ်ခုတည်းသော အရာကတော့ သူတို့နှစ်ဦးကြား ဘယ်လို အချစ်ရေးမျိုးမှ မဖြစ်ခဲ့ဘူးဆိုတာပါပဲ။ ယာမယ်လ်ဟာ ဇူလိုင်လမှာ ၁၈ နှစ်ပြည့်မွေးနေ့ မတိုင်ခင်အထိ အရွယ်မရောက်သေးသူ တစ်ဦးအဖြစ် ရှိနေသေးတာပါ။

ဒီဖြစ်ရပ်တွေဟာ ဘာစီလိုနာကြယ်ပွင့် ယာမယ်လ်ကို အသက် ၂၉ နှစ်အရွယ် OnlyFans မော်ဒယ် ဖာတီ ဗက်ဇ်ကွက်ဇ် နဲ့ အားလပ်ရက် အတူရှိနေတာ တွေ့ရှိခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ဖြစ်ပေါ်လာတာပါ။ ဗက်ဇ်ကွက်ဇ်ကတော့ ဆိုရှယ်မီဒီယာမှာ ခြိမ်းခြောက်မှုတွေနဲ့ စော်ကားမှုတွေ ရရှိခဲ့ပြီးနောက် ဥပဒေကြောင်းအရ အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဗက်ဇ်ကွက်ဇ်ကလည်း သူတို့နှစ်ဦး ခရီးအတူသွားတာကလွဲလို့ ဘာမှမဖြစ်ခဲ့ဘူးလို့ ပြောဆိုထားပါတယ်။