ဂျုဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ လက်ရှိမှာ ဒူးဒဏ်ရာကနေ သက်သာခါစ ရှိနေတုန်းမှာပဲ နောက်ထပ် ဒဏ်ရာပြဿနာတစ်ခုနဲ့ ထပ်မံ ရင်ဆိုင်နေရတာကြောင့် ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ ပါဝင်ဆင်နွဲဖို့ သိပ်မလွယ်တော့သလို ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Football Italia

အသက်(၂၉)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဆီ ပြန်လည် ပြောင်းရွှေ့ပြီးနောက် အသင်းအတွက် competitive ပွဲတွေ တစ်ပွဲမှကို မကစားရသေးခင် ရာသီကြို ခြေစမ်းပွဲမှာပဲ ဒဏ်ရာရသွားခဲ့လို့ ကာလအတန်ကြာ အနားယူနေခဲ့ရတာဟာ လက်ရှိအချိန်ထိ ဖြစ်နေရပါတယ်။ ပေါ့ဘာက သူ့ဒူးဒဏ်ရာကနေ သက်သာလာချိန် ဂျုဗင်တပ်စ်အတွက် ပြန်လည် ကစားပေးဖို့ အဆင့်သင့် ရှိနေချိန်မှာပဲ မမျှော်လင့်ပဲ နောက်ထပ် ဒဏ်ရာတစ်ခုပါ ထပ်ရသွားခဲ့တာကြောင့် ဆက်က် အနားယူရဦး ဖြစ်သလို ကမ္ဘာ့ဖလားကိုပါ ပါဝင်ရဖို့က အခြေအနေမကောင်းတော့သလို ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Football Italia

ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာလို့ အသင်းနဲ့ လေ့ကျင့်ခန်းတွေပါ ပြန်ဆင်းနေတဲ့ ပေါ့ဘာဟာ လေ့ကျင့်ခန်း အစီအစဉ်အတွင်းမှာပဲ ကြွက်သားဒဏ်ရာကို ထပ်မံ ရရှိသွားခဲ့တယ်လို့ အီတလီအခြေစိုက် သတင်းမီဒီယာ Football Italia ကနေ ဖော်ပြသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကမာ္ဘ့ဖလားပြိုင်ပွဲ ကျင်းပဖို့ကလည်း ရက်(၂၀)လောက်သာ ကျန်ရှိနေချိန်ဖြစ်လို့ ပေါ့ဘာအနေနဲ့ အခုလို ကြွက်သားပြသာနာ ကြုံတွေ့လိုက်ရခြင်းက ပြင်သစ်အသင်းနဲ့အတူ world cup ကို ပါဝင်နိုင်ဖို့က အခက်အခဲ ဖြစ်နေရတဲ့အပြင် ကြွက်သားဝေဒနာကို ခံစားနေရတဲ့ ကစားသမားဟာ အဲ့ဒီဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာ အလျင်စလို ပါဝင်ကစားမယ်ဆိုရင် အဆင်မပြေမှုတွေ ကြုံတွေ့ရတတ်သလို အဲ့လိုကြုံတွေ့ပြီဆိုရင်လည်း ပြန်လည် ကောင်းမွန်ဖို့ကို အချိန်ကြာမြင့်စွာ စောင့်ဆိုုင်းရဖွယ်ပါ ရှိနေတတ်ပါတယ်။ ပြင်သစ်နည်းပြဒေ့ရှောင့်ကိုယ်တိုင်ကပါ ကမ္ဘာ့ဖလားအတွက် ကစားသမား ရွေးချယ်ရမှာ ကြံခိုင်မှု ပြည့်ဝနေခြင်း မရှိတဲ့ ကစားသမား fitness ပိုင်း မရေမရာ ဖြစ်နေတဲ့ ကစားသမားတွေကို ရွေးချယ်မှာ မဟုတ်ဘူးလို့ ပြောဆိုထားတဲ့အတွက် ပေါ့ဘာအနေနဲ့ ဒီတစ်ကြိမ် ကမ္ဘာ့ဖလားကိုတော့ လွဲချော်ရဖို့က သေချာသလောက် ရှိနေပါတယ်။