တော့တင်ဟမ်ဟော့စပါး ပီအက်စ်ဂျီအသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်သူ မော်ရီစီယိုပိုချက်တီနိုက ချယ်လ်ဆီးအသင်းသာ လက်ရှိနည်းပြ ဂရေဟမ်ပေါ်တာကို အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရမယ်ဆိုရင် သူ့အနေနဲ့ ပေါ်တာရဲ့နေရာမှာ အစားထိုး ဝင်ရောက်လာဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
Photo Credit : Daily Mail
ချယ်လ်ဆီးအသင်းဟာ နည်းပြသောမတ်စ်တူဟယ်လ်ကို အသင်းကနေ ထုတ်ပယ်ပြီးနောက်မှာ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာနဲ့ ပြန်လည် အစားထိုးခဲ့ပေမဲ့ အင်္ဂလန်လူမျိုး ဘောလုံးနည်းပြ ပေါ်တာက ချယ်လ်ဆီးကို (၁၈)ပွဲ ကိုင်တွယ်ထားခဲ့ရာမှာ (၆)ပွဲအထိ ရှံးပွဲတွေ့ထားခဲ့ရသလို (၄)ပွဲသရေကျထားခဲ့ပါတယ်။ ပိုဆိုးတာက ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးချိန် ကလပ်အသင်းပွဲတွေ ပြန်လည် စတင်ချိန်မှာ ချယ်လ်ဆီးအသင်းက (၄)ပွဲ ကစားထားရပြီး အဲ့ဒီထဲကမှ (၁)ပွဲကိုသာ အနိုင်ရထားလို့ နည်းပြပေါ်တာရဲ့ အနာဂတ်ဟာလည်း လှုပ်ခတ်လာခဲ့ရပါတယ်။
Photo Credit : LANCE!
လက်ရှိအချိန်မှာ ပေါ်တာရဲ့ ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း အဆင့်(၁၀)အထိ ရပ်တည်နေရသလို ပြည်တွင်း ရှုံးထွက်ပြိုင်ပွဲတွေဖြစ်တဲ့ အက်အေဖလားနဲ့ လိဂ်ဖလားပြိုင်ပွဲတွေကလည်း စောစောစီးစီး ထွက်ခွာထားခဲ့ရပါတယ်။ တကယ်လို့ ဒီလို အခြေအနေတွေကြောင့် ချယ်လ်ဆီးဘက်က နည်းပြပေါ်တာကိုသာ အသင်းကနေ ထုတ်ပယ်လိုက်မယ်ဆိုရင်တော့ လစ်လပ်သွားမဲ့ ချယ်လ်ဆီးနည်းပြ နေရာကို ပိုချက်တီနိုက အစားထိုး ဝင်ရောက်သွားချင်နေတယ်လို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။ အက်စပန်ညို ဆောက်သမ်တန် စပါးနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ နည်းပြဟောင်း ပိုချက်တီနိုဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာပဲ ပီအက်စ်ဂျီအသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်း လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေရပြီး လက်ရှိမှာလည်း နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်ဖို့ စိတ်အားထက်သန်လို့နေပါတယ်။ အာဂျင်တီးနားလူမျိုး နာမည်ကြီး ဘောလုံးနည်းပြ ပိုချက်တီနိုဟာ စပါးနည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်တုန်းက စပါးအသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့သလို နှစ်တိုင်းလိုလိုမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။