ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနိုက အသင်းမှာ မပျော်မရွှင် ဖြစ်နေတဲ့ ကစားသမားတွေ အချိန်မရွေး အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ အသိပေး ပြောဆိုသွားခဲ့ပါတယ်။
နည်းပြ ပိုချက်တီနိုက အသင်းက ကစားသမားတွေနဲ့ ပတ်သက်ပြီး သတိပေး ပြောစကားတွေ လုပ်ဆောင်ခဲ့ပြီး ကစားသမားတွေအားလုံး ပွဲကစားခွင့်အတွက် တိုက်ပွဲဝင်ချင်စိတ် အပြည့် ရှိနေရမယ်လို့ ပြောကြားသွားခဲ့ပါတယ်။
Photo Credit : Sky Sports
“အသင်းမှာ မပျော်မရွင် ဖြစ်နေကြတဲ့ ကစားသမားတွေ ၊ သူတို့နေရာအတွက် တိုက်ပွဲဝင်လိုစိတ် မရှိတဲ့ ကစားသမားတွေ ၊ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မခံစားမိနေသူတွေ နဲ့ အသင်းအတွက် ကစားပေးချင်စိတ် မရှိသူတွေများ ရှိနေမယ်ဆိုရင် သူတို့တွေအတွက် တံခါးဖွင့်ပေးထားပါတယ်။”
“ကစားသမားတိုင်းက သူတို့နေရာအတွက် တိုက်ပွဲဝင်လိုစိတ် ရှိနေရပါမယ်။ နည်းပြတွေရဲ့ အလုပ်က ပွဲတိုင်းမှာ ဘယ်ကစားသမားကို အသုံးပြုရမလဲဆိုတာ ရွေးချယ်ရသလို ကစားသမားတွေကလည်း နည်းပြရဲ့ ရွေးချယ်မှုမှာ ပါဝင်နိုင်အောင် ကြိုးစားရပါလိမ့်မယ်။” လို့ ပိုချက်တီနိုက ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Football365
လက်ရှိမှာ ချယ်လ်ဆီးနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ပိုချက်တီနိုဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွင်း လီဗာပူးလ်အသင်းကို သရေကစားထားနိုင်ခဲ့ပြီး အသင်းက ပိုချက် လက်ထက်မှာ မနှစ်ကထက် များစွာ ပိုကောင်းလာတဲ့ စွမ်းဆောင်မှုမျိုးကိုလည်း ပြသထားနိုင်ခဲ့ပါတယ်။
ဒီတစ်ပတ်ထဲမှာတော့ ချယ်လ်ဆီးအသင်းက လန်ဒန် မြို့ခံကလပ် ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်း ပွဲကျပ်ပွဲစဉ်ကို မနက်ဖြန်မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီရာသီရဲ့ ပထမဆုံး နိုင်ပွဲ စတင် ရယူသွားနိုင်မလားဆိုတာ စောင့်ကြည်သွားရပါမယ်။