ဘာစီလိုနာအသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းတိုရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ လီလီယံသူရမ်က သူရဲ့သားဖြစ်သူ တိုက်စစ်ကစားသမား မားကပ်စ်သူရမ်ရဲ့ စိတ်ကူးအိမ်မက်က ဘာစီလိုနာအသင်းမှာ ပါဝင်ကစားရဖို ဖြစ်တယ်လို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Planet Sport

ဘွန်ဒစ်လီဂါကလပ် မိုချန်ဂလာဘတ်အသင်းမှာ ပါဝင်ကစားနေတဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး မားကပ်စ်သူရမ်ဟာ လာမယ့်ဇွန်လမှာ ဂလာဘတ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို သူ့ကို ဘာစီလိုနာ အပါအဝင် ဥရောပ ထိပ်တန်းကလပ်အသင်းတွေက ပစ်မှတ်ထားလာခဲ့ပါတယ်။ ပြင်သစ် legend ကစားသမားဟောင်းကြီး လီလီယံသူရမ်ရဲ့ သားဖြစ်တဲ့ မားကပ်စ်သူရမ်ဟာ ၂၀၁၉ခုနှစ်ကတည်းက ဂလာဘတ်အသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး လက်ရှိမှာလည်း စတုတ္ထမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေသလို အခုရာသီမှာလည်း ဂလာဘတ်အတွက် ပြိုင်ပွဲစုံ (၁၈)ပွဲ ပါဝင်ထားခဲ့ကာ (၁၃)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Bundesliga news: Lilian Thuram's son Marcus has hit ground running for Borussia Monchengladbach | Daily Mail Online

Photo Credit : Daily Mail

ဂလာဘတ်အတွက် (၃)ရာသီခွဲအတွင်း ပွဲပေါင်း (၁၂၀)ကစားခဲ့ပြီး စုစုပေါင်း (၄၁)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ မားကပ်စ်သူရမ်က လက်ရှိမှာ အသင်းနဲ့ (၆)လဝန်းကျင်လောက်သာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာဖြစ်လို ဂလာဘတ်ဘက်က သက်တမ်းတိုးဖို ကြိုးပမ်းပေမယ့် ကစားသမားကတော့ အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖိုသာ ဆန္ဒရှိနေခဲ့ပါတယ်။ ဒီလို အနာဂတ် အခြေအနေ လှုပ်ခတ်နေရတဲ့ မားကပ်စ်သူရမ်ကို ဘာစီလိုနာအသင်းကလည်း အလိုရှိနေတာကြောင့် ဒီအခြေအနေနဲ့ ပတ်သတ်ပြီး လီလီယံသူရမ်က “ကျွန်တော်ရဲ့ သားအတွက် အကောင်းဆုံးတွေပဲ ဖြစ်စေချင်ပါတယ်။ ဘာစီလိုနာအသင်းမှာ ပါဝင်ကစားရဖို ဆိုတာကလည်း မားကပ်စ်အတွက် အိမ်မက်တစ်ခုလို ဖြစ်နေမှာ” လို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာကလည်း လာမယ့်နွေမှာ အသင်းအတွက် ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်သွားဖိုရှိရာ free transfer နဲ့ ရရှိနိုင်မယ့် သူရမ်ကိုလည်း မဖြစ်မနေ အရ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။