ဘောလုံးနယ်ပယ်ရဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေ အပါအဝင် ကစားသမားတွေ အသင်းတွေရဲ့ အချက်အလက်တွေကို စုစည်းဖော်ပြပေးနေတဲ့ Transfermarket ရဲ့ ၂၀၂၃ခုနှစ်အတွင်း တန်ကြေးတွေ သိသိသာသာ ကျဆင်းလာခဲ့တဲ့ ကစားသမား (၁၀)ဦးစာရင်း ထွက်ပေါ်လာခဲ့ပါတယ်။

နံပါတ်(၁၀)နေရာမှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီ ကွင်းလယ်ကစားသမား ဂေါ်ရက်ဇ်ကာ ရှိနေပြီး ယူရို (၂၅)သန်းထိ ကျဆင်းသွားခဲ့လို့ လက်ရှိတန်ကြေးက ယူရို သန်း(၄၀)သာ ရှိပါတော့တယ်။ နံပါတ် (၉)နေရာက ဘက်တစ် ကွင်းလယ်လူ ဖယ်ရီယာကလည်း ယူရို (၂၈)သန်း ကျဆင်းသွားခဲ့ပါတယ်။

Photo Credit : People

 

ဘရာဇီးလ် စူပါစတား ကစားသမားကြီး နေမာကတော့ ယူရို သန်း(၃၀)ထိတောင် ကျဆင်းခဲ့ပြီး လက်ရှိတန်ကြေး ယူရို (၄၅)သန်းနဲ့ နံပါတ်(၈)နေရာကို ရောက်နေပါတယ်။ အဆင့် (၇)နေရာက ကန်ဆယ်လို ၊ အဆင့် (၆)နေရာက ကူကူရယ်လာ နဲ့ အဆင့်(၅)နေရာက မေဆန်မောင့်တို့ဟာလည်း ယူရို သန်း(၃၀)အထိ ကျဆင်းသွားခဲ့ရပါတယ်။

အဆင့် (၄)နေရာမှာတော့ ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ် နောက်ခံကစားသမား ဝက်စ်လေ ဖိုဖာနာက ရပ်တည်နေပါတယ်။ ဖိုဖာနာကတော့ ယူရို (၃၃)သန်းထိ ကျဆင်းသွားရင်း သူရဲ့လက်ရှိတန်ကြေးက ယူရို (၃၂)သန်းသာ ရှိနေပါတော့တယ်။

Photo Credit : Metro

အဆင့် (၃)နေရာက ဂျေဒန် ဆန်ချိုကလည်း ယူရို (၃၅)သန်း ကျဆင်းသွားခဲ့ရပြီး သူရဲ့ လက်ရှိတန်ကြေးဟာဆိုရင်လည်း ယူရို (၂၅)သန်းသာ ရှိပါတော့တယ်။ လီဗာပူးလ်နဲ့ အောင်မြင်မှုတွေ ရယူခဲ့တဲ့ ဆာဒီယို မာနေးကတော့ ယူရို သန်း(၄၀)တောင် ကျဆင်းခဲ့ပြီး သူရဲ့တန်ကြေးက ယူရို သန်း(၂၀)ပဲ ရှိနေပါတော့တယ်။

မနှစ်ကမှ အေဂျက်စ်ကနေ မန်ယူနိုက်တက်ဆီ ယူရို (၉၅)သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီဟာလည်း ယူရို သန်း(၄၀)ထိ တန်ဖိုး ကျဆင်းသွားခဲ့ရပြီး သူရဲ့ လက်ရှိတန်ကြေးက ယူရို (၃၅)သန်းသာ ရှိပါတော့တယ်။