မကြာသေးခင်ကမှ ဘောလုံးသမားဘဝကနေ အနားယူသွားခဲ့တဲ့ စပိန် ဝါရင့်ကစားသမားကြီး ဂျာရတ်ပီကေးက သူ ပိုင်ဆိုင်ထားတဲ့ စပိန်ကလပ်အသင်း အက်စ်စီအန်ဒိုရာမှာ ပိုင်ရှင်အဖြစ်နဲ့ရော ကစားသမားအဖြစ်နဲ့ပါ ပါဝင်ကစားသွားဖို့ စဉ်းစားလျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Gerard Pique could already consider return to playing

Photo Credit : 90Min

အသက်(၃၅)နှစ်အရွယ်ရှိ ဝါရင့် နောက်ခံကစားသမားကြီး ပီကေးဟာ ဘာစီလိုနာ လူငယ်အကယ်ဒမီဖြစ်တဲ့ လာမာစီယာကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံပွဲပေါင်း (၆၁၆)ပွဲအထိတောင် ကစားပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဖလား (၃)ကြိမ် လာလီဂါဖလား (၈)ကြိမ် ဆွတ်ခူးထားနိုင်ခဲ့သူ ပီကေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာပဲ ဘောလုံးသမားဘဝကနေ အနားယူတော့မှာဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ပီကေးဟာ ဘောလုံးသမားတစ်ဦးအဖြစ် ဆက်ရှိနေဖို့ စဉ်းစားနေပြီး သူ ပိုင်ဆိုင်ထားတဲ့ အန်ဒိုရာအသင်းမှာ ပါဝင်ကစားဖို့ စီစဉ်နေပါတယ်။

Y si resulta que Piqué vuelve a jugar al fútbol? - ESdiario

Photo Credit : ESdiario

လက်ရှိ ဆီဂန်ဒါမှာ ပါဝင်ယှဥိပြိုင်နေတဲ့ အန်ဒိုရာအသင်းဟာ တည်ထောင်ထားတဲ့ နှစ်ပေါင်း(၈၀)တိတိ ရှိထားပြီဖြစ်တဲ့ စပိန်ကလပ်အသင်း တစ်သင်းဖြစ်ပြီး ပီကေးရဲ့ Kosmos Holding Group က ၂၀၁၈ခုနှစ်မှာပဲ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ ဆီဂန်ဒါပြိုင်ပွဲဆီ ပထမဆုံးအကြိမ်အဖြစ် တန်းတတ်လာခဲ့တဲ့ အန်ဒိုရာအသင်းမှာ အသင်းပိုင်ရှင်အဖြစ်ရော အသင်းရဲ့ ကစားသမားအဖြစ်နဲ့ပါ ပါဝင်ကစားသွားဖို့ ပီကေးက စဉ်းစားနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီကေးဟာ သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းမှာ လုပ်ခလစာများစွာ ရရှိထားခဲ့တာဖြစ်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ကနေ ချမှတ်ထားတဲ့ ဘောလုံးအသင်းများရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်များနဲ့ ကစားသမားတစ်ဦးအတွက် သင့်တော်တဲ့ လစာပမာဏကို ပေးချေရမယ်ဆိုတဲ့ လာလီဂါကော်မတီရဲ့ ထုတ်ပြန်ချက်တွေကြောင့် သူ့အသင်းမှာ သူရဲ့ လုပ်ခလစာကိုလည်း နည်းပါးစွာ သတ်မှတ်လို့ မရပဲ ဖြစ်နေရပါတယ်။ ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် ပီကေးအနေနဲ့ သူ့ကလပ်အသင်းရဲ့ ဘဏ္ဍာရေးပိုင်းကို မြှင့်တင်ဖို့ လိုအပ်နေပါတယ်။ ဒါတောင်မှ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ပီကေးရဲ့ အန်ဒိုရာအသင်းမှာ အသင်းပိုင်ရှင်နဲ့ အသင်းသားအဖြစ် ပူးတွဲ ဆောင်ရွှက်ချင်နေတဲ့ ဆန္ဒက အကောင်အထည်ဖော်ဖို့ ခက်ခဲလွန်းနိုင်ဖွယ် ရှိနေပါတယ်။