ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားရင်း စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ ကန်သွင်းချက်ကို လက်စွမ်းပြ ကာကွယ်ခဲ့တဲ့ အရန်ဂိုးသမား အော်တီဂါသာ မရှိရင် သူတို့ဟာ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်လိုက်ရလောက်ပြီလို့ ပွဲပြီးအင်တာဗျူးမှာ ပြောကြားရင်း အော်တီဂါကို ချီးကျူးသွားခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးက ယခုနှစ်ရာသီရဲ့ ပရီးမီးယားလိဂ် ဆုဖလား အတွက် သူ့ရဲ့ တပည့်ဟောင်း အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ယှဉ်ပြိုင်နေရပြီး မန်ချက်စတာ စီးတီးက သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်ချင်ရင် စပါးနဲ့ ဝက်စ်ဟမ်း ပွဲတွေကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ပါတယ်။

Photo Credit: Sky Sports

ချန်ပီယံဘွဲ့ကို ကာကွယ်ချင်ရင် လက်ကျန် နှစ်ပွဲစလုံးကို အနိုင်ရအောင် ကစားရမယ် ဆိုတဲ့ ဖိအားကြောင့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးနဲ့ ပွဲစဉ်မှာ ဂွာဒီယိုလာက အသင်းရဲ့ အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ နိုင်ပွဲရရှိဖို့ ကြိုးစားခဲ့ပြီး မန်ချက်စတာ စီးတီးရဲ့ ကစားသမားတွေကလည်း ဂွာဒီယိုလာ ချမှတ်ပေးတဲ့ နည်းစနစ်တွေကို အကောင်းဆုံး ကစားရင်း အသင်းအတွက် အဖိုးတန်နိုင်ပွဲကို ရယူပေးခဲ့ပါတယ်။

စပါး ၀-၂ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ မန်ချက်စတာ စီးတီး အတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို အဓိက တိုက်စစ်မှူး အာလင်း ဟာလန်း တဦးထဲက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဟာလန်းက အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးခဲ့ပေမယ့် စီးတီးအတွက် သူရဲကောင်း ဖြစ်ခဲ့သူကတော့ ပွဲချိန် ၆၉မိနစ်မှာ နံပါတ်တစ်ဂိုးသမား အီဒါဆန်နဲ့ လူစားလဲကာ ဝင်ရောက် ကစားပေးခဲ့တဲ့ အရန်ဂိုးသမား အော်တီဂါပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အသက် ၃၁နှစ် အရွယ် ဂျာမဏီဂိုးသမား အော်တီဂါက ပွဲအရှိန် မြင့်တက်နေတဲ့ အချိန်မှာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားခဲ့ရပေမယ့် တည်ငြိမ်တဲ့ လက်စွမ်းတွေနဲ့ မန်ချက်စတာ စီးတီးရဲ့ ဂိုးပေါက်ကို ကာကွယ်ပေးခဲ့ပြီး သူဟာ ပွဲချိန် ၈၅မိနစ်မှာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်နဲ့ တဦးချင်း ရင်ဆိုင်တွေ့ခဲ့ပေမယ့် ဆွန်ဟောင်မင်ရဲ့ ကန်ချက်ကို အကောင်းဆုံး ကာကွယ်ပေးရင်း သရေကျသွားနိုင်တဲ့ အခြေအနေ မရောက်အောင် တားဆီးပေးခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးနည်းပြချုပ် ဂွာဒီယိုလာက စပါး ၀-၂ မန်ချက်စတာ စီးတီး ပွဲအပြီးမှာ အော်တီဂါကို အထူးတလည် ချီးကျူးသွားခဲ့ပြီး အော်တီဂါသာ မရှိရင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သွားလောက်ပြီလို့ ဆိုလာပါတယ်။ ဂွာဒီယိုလာက – “အော်တီဂါက ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကာကွယ်မှုတွေ လုပ်ပေးခဲ့ပါတယ်။ သူသာ မရှိရင် အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားလောက်ပါပြီ။ တဦးချင်း တွေ့ရတဲ့ အခြေအနေတွေကို ကိုင်တွယ် ဖြေရှင်းတဲ့ နေရာမှာ အော်တီဂါက ကျွန်တော် တွေ့ဖူးသမျှထဲမှာ အကောင်းဆုံး ဂိုးသမားတွေထဲ ပါပါတယ်” လို့ ပြောကြားကာ အော်တီဂါကို ချီးကျူးသွားခဲ့တာပါ။