ကလပ်အသင်းငယ်လေးတွေသာ ကိုယ့်အသင်းက ကစားသမားတွေကို ပြိုင်ဘက်အသင်းတွေဆီ ရောင်းထုတ်ဖို့အတွက် စိုးရိမ် ပူပန်နေကြတာလို့ မန်ချက်စတာ စီးတီအသင်း နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဂျေဇူး စတာလင် ပါလ်မာ ဇင်ချန်ကိုတို့လို ကစားသမားတွေကို မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ်တွေဖြစ်တဲ့ အာဆင်နယ် ချယ်လ်ဆီးတို့ဆီ ရောင်းချခဲ့သလို ဒီညမှာလည်း ကစားသမားဟောသင်း စတာလင် ပါလ်မာတို့နဲ့ ပြန်လည် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

Raheem Sterling and Cole Palmer tussle over penalty in clash with  Arsenal... but it's the former Man City academy startlet who wins the ball  to open the scoring at Stamford Bridge |

Photo Credit : Daily Mail

ဒီလို အသင်းရဲ့ ကစားသမားတွေကို ပြိုင်ဘက်ကလပ်တွေဆီ ရောင်းချနေတာနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “ကျွန်တော့်အမြင်အရ ပြောရမယ်ဆိုရင်တော့ ကစားသမားတွေနဲ့ ပတ်သတ်တဲ့ ကျွန်တော့် option ကို အသင်းတွေ ပေးပို့ခဲ့ပေမယ့်လည်း အသင်းကတော့ နှစ်ဖက်အသင်း နဲ့ ကစားသမားအတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ ဖြစ်နေမယ်ဆိုရင် ဆုံးဖြတ်ချက် ချလိုက်မှာပါပဲ။”

“ဒါပေမယ့် ဘာပြသာနာမှတော့ မရှိပါခဲ့ဘူး။ ဆိုလိုတာကတော့ အသင်းငယ်တွေသာဆိုရင်တော့ ရှိချင်ရှိမှာပေါ့။ ကလပ်အသင်းကြီးတွေကတော့ အပြောင်းအရွှေ့နဲ့ သက်ဆိုင်မယ့် ကစားသမားရယ် အသင်းနှစ်သင်းရယ်အတွက် အကျိုးစေဖို့ ဆုံးဖြတ်ချက် ချကြတယ်။ ဒါက လုံးဝ ပြသာနာ မဟုတ်ဘူး။”

Pep Guardiola: Only small clubs worry about selling players to their rivals  | The Independent

Photo Credit : The Independent

“ဒါကြောင့် ကစားသမားတွေက ချယ်လ်ဆီး ဒါမှမဟုတ် မန်ယူနိုက်တက် ဒါမှမဟုတ် လီဗာပူးလ် ဘယ်ကိုပဲဖြစ်ဖြစ် သွားချင်တယ်ဆိုရင် သူတို့လည်း အဲ့ဒီကို ပြောင်းရရင် ပျော်ရတယ်။ အသင်းကလည်း ကစားသမား အပြောင်းအရွှေ့အတွက်လည်း ပျော်ရွှင်ရတယ်။”

“ကစားသမားတွေ ထွက်ခွာသွားရင် နောက်ထပ် ကစားသမားသစ်တွေ ထပ်ရောက်လာတယ်။ အဲ့ဒီကစားသမားသစ်တွေကလည်း ကောင်းမွန်တဲ့ စိတ်နေစိတ်ထားတွေ စိတ်ခံစားချက်တွေနဲ့အတူ ထွက်ခွာသွားသူတွေရဲ့ နေရာကို အစားဝင်နိုင်အောင် ကြိုးစားကြပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။