မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား အန်တိုနီ မာရှယ်အနေနဲ့ လက်ရှိ စွမ်းဆောင်ရည်ပိုင်းတွေအရ အသင်းမှာတောင် ဆက်လက် ရှိမနေသင့်တော့ဘူးလို့ အာဆင်နယ် ကစားသမားဟောင်းကြီး ပေါလ်မာဆန်က မှတ်ချက်ပေး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

ယူနိုက်တက်အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ တိုက်စစ်ပိုင်း အားနည်းမှုတွေနဲ့ ကြုံတွေ့နေရပြီး ဒီရာသီမှာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေတဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်ကိုယ်တိုင် ဒီနောက်ပိုင်းမှ ဂိုးတွေ ပုံမှန် သွင်းယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဒီအချိန်မှာ အသင်းရဲ့ အထောင် တိုက်စစ် ကစားသမား မာရှယ်ကလည်း ဒဏ်ရာ ပြန်ကောင်းခါစမှာသာ ဂိုး သွင်းယူနိုင်ပြီး နောက်ပိုင်း ပွဲတွေမှာတော့ ဂိုးရဖို့ ခက်ခက်ခဲခဲ ရုန်းကန်လာရကာ ယူနိုက်တက် တိုက်စစ်အတွက် အားကိုးမရတဲ့ ကစားသမားပါ ဖြစ်နေခဲ့ရပါတယ်။

Merson has criticised the Frenchman

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ ဘရိုက်တန်ကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းဘက်က ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အဲ့ဒီ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပဲ နောက်ဆုံး မိနစ်မှာ ပင်နယ်တီ ကန်သွင်းခွင့် ပေးလိုက်ရပြီး အရှုံးပါ ပေးလိုက်ရတာ ဖြစ်ပါတယ်။ ယူနိုက်တက် တိုက်စစ်ပိုင်းနဲ့ ပတ်သက်ပြီး “မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လက်ရှိ တိုက်စစ် (၃)ယောက်တွဲက အန်တိုနီ မာရှယ် ၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် နဲ့ အန်တိုနီ။ ဒါပေမယ့် လာမယ့်နွေမှာတော့ ဒီ အစုအဖွဲ့ကို အပြောင်းအလဲ လုပ်ရမယ်လို့ ကျွန်တော် ထင်ပါတယ်။”

Martial made his eighth Premier League start of the season for Man Utd on Thursday

Photo Credit : The Sun

“အခုဆိုရင် သူတို့က မန်ချက်စတာ စီးတီးအသင်းနဲ့ (၁၆)မှတ်အထိကို ကွာဟနေရတယ်။ ဒီလို ပုံစံတူ အသင်းမျိုးသာ နောက်ရာသီအထိ ဆက်ရှိနေမယ်ဆိုရင် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုနဲ့လည်း ဘယ်လိုမှ နီးစပ်နိုင်မှာ မဟုတ်ဘူး။ တိုက်စစ်ပိုင်းအတွက် ဟာရီကိန်းကို လိုအပ်တယ်။ အန်တိုနီ မာရှယ်လား။ သူကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာတောင် မကစားသင့်တော့ပါဘူး” လို့ ပေါလ်မာဆန်က မှတ်ချက်ပြုသွားခဲ့ပါတယ်။