ဘောလုံးပွဲ သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ အာဆင်နယ် နဲ့ အင်္ဂလန် ကစားသမားဟောင်းကြီး ပေါလ်မာဆန်က ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်သွားရမယ့် လန်ဒန်ဒါဘီပွဲစဉ်မှာ စပါးအသင်းက ရှုံးပွဲ စတင်တွေ့ရှိသွားမယ်လို့ ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၁)ရဲ့ အကောင်းဆုံး ပွဲစဉ်အဖြစ် စပါးအသင်း နဲ့ ချယ်လ်ဆီးအသင်းတို့ လန်ဒန်ဒါဘီအဖြစ် ရင်ဆိုင်ကြမှာဖြစ်ပြီး ဒီပွဲစဉ်မှာ ပိုချက်တီနိုက သူ့အသင်းဟောင်းကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်လိမ့်မယ်လို့ မာဆန်က ဟောကိန်းထုတ်လိုက်ပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာ စပါးအသင်းဟာ ပရီးမီးယားလိဂ် (၁၀)ပွဲ ကစားထားပြီးချိန် ရှုံးပွဲ လုံးဝမရှိသေးပဲ (၈)ပွဲနိုင် (၂)ပွဲသရေကျထားကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ နိုင်ပွဲ (၃) သရေပွဲ (၃)ပွဲ ရှုံးပွဲကတော့ (၄)ပွဲအထိ ရှိထားပြီး အဆင့်(၁၁)နေရာထိ ရောက်ရှိနေရပါတယ်။

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ပေါလ်မာဆန်က “စပါးက ချယ်လ်ဆီး အနိုင်ယူနိုင်လိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ဒီရာသီမှာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အာဆင်နယ် လီဗာပူးလ်တို့ဟာလည်း သိပ်ပြီး လွယ်ကူခဲ့တာ မဟုတ်ပါဘူး။”

Photo Credit : FourFourTwo

“စပါးကလည်း ပွဲအစကတည်းက အကြိတ်အနယ် ရေကုန်ရေခမ်း တိုက်စစ်ဆင် ကစားလာပါလိမ့်မယ်။ သူတို့သာ ဒီလို ဖိကစားမယ်ဆိုရင် ဒါက ချယ်လ်ဆီးအသင်းအတွက် အားသာချက် ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။”

“ကျွန်တော် စပါးအသင်းကို လျှော့တွက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပွဲမှာတော့ ချယ်လ်ဆီးအသင်းက အနိုင်ရသွားမယ်လို့ပဲ ထင်ပါတယ်။ စပါး ၁-၂ ချယ်လ်ဆီးပါ။” လို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။