ဝက်စ်ဟမ်း ကွင်းလယ်ကစားသမား လူးကပ်စ် ပါကေတာဟာ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ကနေ ချမှတ်ထားတဲ့ လောင်းကစားဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ထားတယ်ဆိုပြီး မနေ့ကပဲ တရားဝင် တရားစွဲဆိုမှု ပြုလုပ်ထားခဲ့ပါတယ်။

ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ပါကေတာဟာ လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ်နဲ့ ၂၀၂၃ခုနှစ်အတွင်း လက်စတာ ၊ အက်စတွန် ဗီလာ ၊ လိဒ်စ် ၊ ဘုန်းမောက်တို့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေထဲ အဝါကတ်ပြစ်ဒဏ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ ရယူခဲ့တယ်လို့ စွပ်စွဲထားခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit : Casino

ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး Daily Mail ရဲ့ သတင်းဖော်ပြချက်တွေအရ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့မယ်ဆိုရင် ပါကေတာအနေနဲ့ (၁၀)နှစ်အထိ ကာလရှည် နှစ်ရှည် ပွဲပယ်ပြစ်ဒဏ်ကိုပါ ချမှတ်ခံသွားရနိုင်တယ်လို့ သိရှိရပါတယ်။

ရက်ဒင်းကစားသမားဟောင်း ကိုင်နန် အိုင်ဆက်ဟာလည်း အက်ဖ်အေဖလား ပွဲစဉ်မတိုင်ခင် သူရဲ့ သူငယ်ချင်းဖြစ်သူတွေနဲ့ ပြုလုပ်ခဲ့တဲ့ လောင်းကစား အစီအစဉ်ထဲမှာ ပွဲစဉ်ထဲ အဝါကတ် ရယူမယ့် အစီအစဉ်ပါ ပါဝင်ခဲ့တာကြောင့် အိုင်ဆက်က အဝါကတ်ရယူခဲ့ရာ ဒီကိစ္စရပ်ကို စုံစမ်းခဲ့ရင်း ပြစ်မှုထင်ရှားခဲ့တာကြောင့် (၁၀)နှစ်အထိ ပွဲပယ်ခံလိုက်ရပါတယ်။

Photo Credit : The Sun

အခုလည်း ပါကေတာက အိုင်ဆက်လို ဖြစ်ရပ်မျိုးနဲ့ ရင်ဆိုင်နေရပြီး ကာလရှည်ပြစ်ဒဏ်မျိုး ကျခံသွားရဖို့ ရှိနေပေမယ့် ပါကေတာကိုယ်တိုင်ကတော့ သူ့အပေါ် စွဲချက်တွေအားလုံးကို အကုန် ငြင်းဆန်ထားပြီး သူ့အပေါ် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဘက်က အခုလို စွဲချက်တင်တဲ့အပေါ်ကိုလည်း သူအရမ်း အံ့အားသင့်သလို စိတ်မကောင်းလည်း ဖြစ်ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် ပါကေတာက ဒီလိုစွဲချက်တင်ခံထားရခြင်းကို ရှင်းလင်းနိုင်ဖို့အတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုထားခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းဘက်ကတော့ ပါကေတာရဲ့ ကစားသမားဘဝပါ အဆုံးသတ်သွားဖွယ် ရှိနေတဲ့အပေါ် အတော်လေး စိုးရိမ်နေကြလျက် ရှိနေပါတယ်။