ချယ်လ်ဆီးအသင်း ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ် ဘက်တစ်အသင်းကို အနိုင်ရခဲ့ရာမှာ အဓိက ကစားသမားတစ်ဦး ဖြစ်ခဲ့တဲ့ ကိုးလ် ပါးလ်မားကို ချယ်လ်ဆီး ပရိသတ်တွေက ဘာလွန်းဒေါဆုအတွက် ထောက်ခံမှုတွေ ပေးနေကြပါတယ်။

ဒီရာသီအတွက် ချယ်လ်ဆီးအသင်း ဖလားတစ်လုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ဒီပွဲစဉ်မှာ ပါးလ်မားဟာ အသင်းအတွက် အရေးပါတဲ့ ဖန်တီးမှု (၂)ကြိမ် ပြုလုပ်ပေးခဲ့ပြီး ဒုတိယပိုင်းမှာ အံ့အားသင့်ဖွယ် အပြန်အလှန် ရလဒ်နဲ့အတူ (၄-၁) နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပါးလ်မားရဲ့ ဖြတ်တင်ဘောကနေ အန်ဇို ဖာနန်ဒက်ဇ်က နောက်တိုင်မှာ ခေါင်းတိုက်ပြီး ချယ်လ်ဆီးအတွက် ချေပဂိုး သွင်းယူပေးခဲ့သလို နောက်ထပ် အန္တရာယ်ရှိတဲ့ ဖြတ်တင်ဘောတစ်ခုကိုတော့ နီကိုးလပ်စ် ဂျက်ဆင်က ဂိုးသမား အေဒရီယန်ကို ကျော်ဖြတ်ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

Photo Credit : Goal

အသင်းအောင်မြင်မှုမှာ ပါးလ်မားရဲ့ အဓိက အခန်းကဏ္ဍကြောင့် ပရိသတ်တွေဟာ ဆိုရှယ် မီဒီယာပေါ်မှာ သူ့ကို ဘာလွန်းဒေါဆုအတွက် ထိုက်တန်သူအဖြစ် သတ်မှတ်ပြီး အားပေးရေးသားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ @Dove_Dynamics ဆိုသူက “ရိုးရိုးသားသား ပြောရရင် ကိုးလ် ပါးလ်မားက လာမင်း ယာမယ်လ်၊ ရာဖင်ညာတို့နဲ့အတူ ဘာလွန်းဒေါ ဆုပေးပွဲ စင်မြင့်ထက်မှာ ရှိသင့်တယ်။ အနည်းဆုံးတော့ သူ ဒီရာသီမှာ လုပ်ပြခဲ့တာတွေ ဆွတ်ခူးခဲ့တာတွေအရ အဆင့်(၄)ကနေ (၆)အတွင်းက သူ့အတွက် တရားမျှတပါတယ်။” လို့ ရေးသားခဲ့ပါတယ်။

@Zibusisoe ကတော့ “ကိုးလ် ပါးလ်မား ကလေးလေး ကမ္ဘာ့အကောင်းဆုံး ကစားသမားပဲ။ သူ့ကို အခုချက်ချင်း ဘာလွန်းဒေါဆု ပေးလိုက်ပါတော့။” လို့ ဆိုပြီး၊ @Bigpeace45 ကလည်း “ဒီပွဲအပြီးမှာ ငါ့ကောင်လေး ကိုးလ် ပါးလ်မားကို ဘောလွန်းဒီအောဆု ပေးကြတော့မှာ သေချာတယ်။” လို့ ရေးသားခဲ့ပါတယ်။ @Olaz01 က “နည်းပြ မာရက်စကာနဲ့ ချယ်လ်ဆီးဘုတ်အဖွဲ့သာ အရည်အသွေးရှိတဲ့ ကစားသမားတွေ မခေါ်ယူခဲ့ရင် ဒါက ပါးလ်မား ဘာလွန်းဒေါဆု မရအောင် တားဆီးနိုင်တဲ့ တစ်ခုတည်းသော အရာပဲ။” လို့ ပို့စ်တင်ခဲ့ပါတယ်။

Photo Credit : Chelsea FC

@totallynotems_ က “ဘာလွန်းဒေါ ဆိုတဲ့ စကားသံတွေ ကြားနေရတယ်။ ကိုးလ် ပါးလ်မား ဆိုတဲ့ နာမည်တွေ ကြားနေရတယ်။” လို့ ရေးသားခဲ့ပြီး၊ @Blues_Alfred ကတော့ “နောက်ရာသီမှာ ချန်ပီယံလိဂ်က ငါတို့ကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်ဦးမှာ မဟုတ်ဘူး။ ဒီနေ့ ဖလားက အပြည့်အဝ ထိုက်တန်တယ်။ နောက်ရာသီ ဘာလွန်းဒေါအတွက် ကိုးလ် ပါးလ်မားပဲ လုပ်လိုက်ကြရအောင်!” လို့ ကြိုတင်ခန့်မှန်းခဲ့ပါတယ်။

ချယ်လ်ဆီးအသင်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေချိန်မှာ ပါးလ်မားဟာ ရံဖန်ရံခါ ခြေစွမ်းပိုင်းဆိုင်ရာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကွန်းဖရန့်စ်လိဂ် ဗိုလ်လုပွဲက သူရဲကောင်းဆန်တဲ့ ခြေစွမ်းပြကစားခဲ့ပေမယ့်လည်း ဒီတစ်ကြိမ် ဘာလွန်းဒေါဆုအတွက် ထိပ်တန်းစာရင်းမှာ ပါဝင်နိုင်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။ အဆိုပါဆုအတွက် အူစမန် ဒမ်ဘီလီ၊ ရာဖင်ညာ၊ လာမင်း ယာမယ်လ် နဲ့ မိုဟာမက် ဆာလာတို့က ရေပန်းစားနေတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။