အင်္ဂလန် ဘောလုံးသမားဟောင်းကြီး မိုက်ကယ် အိုဝင်က ဟယ်ရီကိန်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီ မပြောင်းရွှေ့ပဲ တော့တင်ဟမ် ဟော့စပါးအသင်းမှာသာ ဆက်နေရင်း ပိုကြီးမားတဲ့ အောင်မြင်မှုကို ရယူသင့်တယ်လို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ဟယ်ရီကိန်းဟာ ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀)ကျော်နဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေရပြီဖြစ်ပြီး လာမယ့် (၂၄)နာရီအတွင်းမှာပါ ဆေးစစ်မှုတွေလည်း လုပ်ဆောင်သွားပါတော့မယ်။

Photo Credit : Sky Sports

ဒါပေမယ့် ကိန်းရဲ့ စီနီယာ ကစားသမားကြီး အိုဝင်ကတော့ ဒီအပြောင်းအရွှေ့ကို မဖြစ်ပေါ်လာစေချင်ပဲ ကိန်းကိုလည်း စပါးအသင်းမှာသာ ဆက်လက် ရှိနေချင်တယ်လို့ ထူးထူးဆန်းဆန်း မှတ်ချက်ပြုသွားခဲ့ပါတယ်။

“အသင်း တစ်သင်းတည်းကသာ ကြီးစိုးနေတဲ့ လိဂ်မှာ ဆုဖလား ပိုင်ဆိုင်ရတာထက် ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူနိုင်တာက ပိုကောင်းပါတယ်။ ဘိုင်ယန်က အသင်းကြီး တစ်သင်းလည်း ဖြစ်သလို သူတို့ကိုလည်း ကျွန်တော် အများကြီး လေးစားပါတယ်။”

Harry Kane will NOT leave Tottenham because of his huge transfer fee and  age, claims England legend Michael Owen | The Sun

Photo Credit : The Sun

“ဒါပေမယ့် ကျွန်တော်သာ ဟယ်ရီကိန်း ဖြစ်နေတယ်ဆိုရင်တော့ စပါးမှာပဲ ဆက်ရှိသွားမှာပါ။ ဘိုင်ယန် အပါအဝင် ရီးယဲလ် မက်ဒရစ်နဲ့ တခြားသော ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေနဲ့ ဆုဖလားရယူတာထက် စပါးမှာ ကစားနေရင်း ပရီးမီးယားလိဂ်ရဲ့ အမြဲတမ်း ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦး ဖြစ်လာတာက ပိုကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါပဲ” လို့ အိုဝင်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ဟယ်ရီကိန်းက စပါးမှာ ဆက်ရှိနေတော့မှာ မဟုတ်ပဲ သူ့ကစားသမားဘဝအတွင်း ဆုဖလားတွေ ရယူနိုင်ရေးအတွက် ဆုဖလား အာမခံချက်ကောင်းတဲ့ ဘိုင်ယန်မြူးနစ်ဆီ သေချာပေါက် ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။