ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နာမည်ကျော် ဘောလုံးသမားဟောင်းကြီး မိုက်ကယ် အိုဝင်ကတော့ လာမယ့် ၂၀၂၃-၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်နိုင်မယ့် အသင်း ၊ Top 4 ဝင်နိုင်မယ့် အသင်းတွေနဲ့ တန်းဆင်းရမယ့် အသင်းတွေအကြောင်းကို ခန့်မှန်းမှု ပြုလုပ်လိုက်ပါတယ်။

အိုဝင်က လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းကပဲ ၂၀၂၃-၂၄ ဘောလုံးရာသီရဲ့ ချန်ပီယံ ထပ်ဖြစ်ဦးမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ မန်စီးတီးအသင်းရဲ့ ကစားသမား အင်အား တောင့်တင်းလွန်းမှု ချန်ပီယံဆုနဲ့ အကျွမ်းတဝင် ရှိနေမှုတို့ကြောင့် ဒီရာသီမှာလည်း မန်စီးတီးကပဲ ပရီးမီးယားလိဂ် သမိုင်းမှာ ပထမဆုံးအကြိမ် (၄)နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

Photo Credit : SPORTbible

ချန်ပီယံ ဖြစ်မယ့်အသင်းကို ခန့်မှန်းပြီးတဲ့နောက် Top 4 ဝင်နိုင်မယ့် အသင်း (၄)သင်းကိုပါ အိုဝင်က ဆက်လက် ခန့်မှန်းသွားခဲ့ပါတယ်။ မန်စီးတီးနောက် ဒုတိယနေရာမှာ ရပ်တည်နိုင်မယ့် အသင်းအဖြစ်ကိုတော့ အာဆင်နယ်ကို အိုဝင်က ရွေးချယ်သွားခဲ့ပါတယ်။

အာဆင်နယ်ရဲ့နောက် တတိယနေရာမှာ ရပ်တည်နေမယ့် အသင်းကိုတော့ သူရဲ့ အသင်းဟောင်းဖြစ်တဲ့ လီဗာပူးလ်ကို ရွေးချယ်သွားပြီး နောက်ထပ် သူ့အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကိုတော့ စတုတ္ထနေရာကနေ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Sportlens

ပြီးခဲ့တဲ့ရာသီမှာ အဆင့် (၁၂)ထိ ရောက်ရှိခဲ့ရတဲ့ ချယ်လ်ဆီးက နည်းပြ ပိုချက်တီနို လက်ထက်မှာ အဆင့်(၅)နေရာထိ ရောက်ရှိလိမ့်မယ်လို့ အိုဝင်က ဟောကိန်းထုတ်ခဲ့ပြီး ချယ်လ်ဆီးရဲ့နောက် အဆင့်(၆)နေရမှာ အက်စတွန် ဗီလာ နဲ့ အဆင့်(၇)နေရာမှာ နယူးကာဆယ်တို့ ရှိနေလိမ့်မယ်လို့ အိုဝင်က ဆက်လက် ခန့်မှန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ချယ်လ်ဆီးလို ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ စပါးကိုတော့ ဒီရာသီမှာလည်း အဆင့်(၉)သာ ရပ်တည်လိမ့်မယ်လို့ အိုဝင်က ခန့်မှန်းခဲ့ပြီး ဒီရာသီမှ တန်းတက်လာခဲ့တဲ့ လူတန်တောင်း နဲ့ ရှက်ဖီး ယူနိုက်တက်တို့က ဝုလ်ဗ်အသင်းနဲ့အတူ တန်းဆင်းရလိမ့်မယ်လို့ပါ ခန့်မှန်းသွားခဲ့ပါတယ်။