ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက အယ်လ်နာဆာအသင်းဆီကို စောစောစီးစီး မပြောင်းရွှေ့လာမိတာက သူ့အတွက် မဟာ အမှားကြီးတစ်ခုပဲလို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီ GOAT ကြီး ရော်နယ်လ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ဆော်ဒီလိဂ် ကလပ်အသင်း အယ်လ်နာဆာအသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး အာရှ ဘောလုံးနယ်ပယ်မှာ စတင် ကျင်လည်ခဲ့ပါတယ်။

Photo Credit : Al Jazeera

အခုဆိုရင်တော့ ရော်နယ်လ်ဒိုက အယ်လ်နာဆာအသင်းအတွက် အာရှကလပ် ချန်ပီယံဖလားကိုပါ ရယူပေးထားနိုင်ခဲ့ပြီး ဒီ ၂၀၂၃ခုနှစ်အတွင်းမှာပဲ အသင်းအတွက် ပြိုင်ပွဲစုံ (၄၇)ပွဲ ပါဝင်ကစားခဲ့ရင်း စုစုပေါင်း သွင်းဂိုး (၄၀)အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်လ်ဒိုက ဒီနှစ်ဘောလုံးရာသီမှာလည်း ဆော်ဒီလိဂ် အမှတ်ပေးပြိုင်ပွဲထဲ ဂိုးသွင်းအများဆုံး နဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ်ပါ ရပ်တည်လျက် ရှိနေပါတယ်။ မနေ့ညက King Cup ပွဲစဉ်မှာလည်း သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့တဲ့ ရော်နယ်လ်ဒိုက အခုဆိုရင် ဒီနှစ်ထဲမှာပဲ နိုင်ငံနဲ့ ကလပ်အသင်းအတွက် ဂိုး(၅၀) ပြည့်မြောက်ခဲ့ပါသေးတယ်။

Photo Credit : Al Jazeera

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ အဆက်မပြတ် ပြသလို့နေတဲ့ ရော်နယ်လ်ဒိုက “ကျွန်တော့်မှာ နောင်တရစရာကြီး တစ်ခု ရှိခဲ့တယ်။ အဲ့ဒါကတော့ ကျွန်တော် အယ်လ်နာဆာအသင်းဆီကို စောစောစီးစီး မရောက်လာမိခဲ့တာပါပဲ။”

“ဒါပေမယ့် အခုတော့ ကျွန်တော် ဒီမှာ ပျော်ရွှင်နေပါပြီ။ ကျွန်တော် ဥရောပမှာ လုပ်ဆောင်ခဲ့တာတွေရဲ့ နှစ်ဆလောက်အထိ အယ်လ်နာဆာအတွက် အကောင်းဆုံး လုပ်ဆောင်ပေးသွားပါမယ်။” လို့ ရော်နယ်လ်ဒိုက ကြွေးကြော်သွားခဲ့ပါတယ်။