ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ ခရစ္စတိုဖာ အန်ကွန်ကူက လေ့ကျင့်ရေးကွင်းမှာ တင်ပါးဒဏ်ရာ ရခဲ့တာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရတော့မယ်လို့ သိရှိရပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်ကွန်ကူက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ လိုက်ပ်ဇစ် ကနေ ချယ်လ်ဆီီီီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို ၂၀၂၉ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

အန်ကွန်ကူက ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာပြီးနောက် ရာသီကြိုခြေစမ်းပွဲတွေ ကစားရင်း ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် ဩဂုတ်လ ၃ရက််််််နေ့မှ ဒီဇင်ဘာလ ၁၉ရက်နေ့ အထိ ၄လကျော်ကြာ အနားယူခဲ့ရပါတယ်။

အန်ကွန်ကူက ဒီဇင်ဘာလ ၂၀ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၁-၁ နယူးကာဆယ် ပွဲစဉ်မှာ သူ့ရဲ့ ချယ်လ်ဆီး ကစားသမား ဘဝ ပွဲဦးထွက်ကို စတင် ကစားပေးနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၂၀ရက်နေ့မှာ ကစားခဲ့တဲ့ ဝုလ်ဗ် ၂-၁ ချယ်လ်ဆီး ပွဲမှာတော့ အန်ကွန်ကူက ချယ်လ်ဆီး ကစားသမား ဘဝ ပထမဦးဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

 

Photo Credit: The Sun

အန်ကွန်ကူက တွန်းတွန်းတိုက်တိုက် ကစားလေ့ ရှိသလို သူ ပါဝင် ကစားတဲ့ အချိန်တိုင်းမှာ ချယ်လ်ဆီးရဲ့ တိုက်စစ်က ကစားအား ကောင်းလာတတ်တာကြောင့် ချယ်လ်ဆီးပရိသတ်တွေက သူ့ကို ဆက်တိုက် မြင်တွေ့ချင်နေပေမယ့် ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၄-၀ ပရက်စတန် ပွဲမှာ အန်ကွန်ကူဟာ မပါဝင်ခဲ့ပါဘူး။

ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက အန်ကွန်ကူဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့ကြောင်းနဲ့ ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် နားရမယ်လို့ ပွဲပြီးအင်တာဗျူးမှာ ပြောကြားလာခဲ့ပါတယ်။ ပိုချက်တီနိုက – “အန်ကွန်ကူဟာ လေ့ကျင့်ရေးကွင်းမှာ တင်ပါးဒဏ်ရာ ရခဲ့တာကြောင့် ဒီပွဲမှာ မပါနိုင်ခဲ့တာပါ။ ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာကို ဆေးစစ်မှုတွေ လုပ်ရပါမယ်။ ဒါမှပဲ သူက လာမယ့်ပွဲတွေမှာ ပါနိုင်မလား ၊ မပါနိုင်ဘူးလား ဆိုတာကို အတိအကျ သိရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။