ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာဟာ သူရဲ့ အရင်းနှီးဆုံးသော အသင်းဖော် လီယွန်နယ်မက်ဆီ လာမဲ့ရာသီမှာ အသင်း အပြောင်းအလဲ လုပ်ဆောင်သွားမယ်ဆိုရင်တောင် နေမာကတော့ ပီအက်စ်ဂျီအသင်းမှာသာ ဆက်လက် ရှိသွားချင်နေတယ်လို့ သိရှိရပါတယ်။

The Brazilian forward remains under contract with the French giants until the summer of 2027

Photo Credit : Daily Mail

ဘရာဇီးလ် လက်ရွေးစင် ကစားသမား နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပေမဲ့လည်း အသင်းပရိသတ်တွေ သူရဲ့အသင်းဖော်တချို့နဲ့ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ လူးဝစ်ကမ်ပို့စ်နဲ့ပါ အဆင်မပြေ ဖြစ်နေရခြင်းတွေအပြင် ဒဏ်ရာ မကြာခဏ ရရှိတတ်ခြင်းတွေကြောင့် ပီအက်စ်ဂျီဘက်က သူ့ကို ရောင်းထုတ်သွားချင်နေပါတယ်။ ဒီလို အနာဂတ် အခြေအနေ လှုပ်ခတ်နေရတဲ့ နေမာကို ချဲလ်ဆီး နဲ့ နယူးကာဆယ်အသင်းတို့က ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပြီး နေမာကတော့ အသင်း အပြောင်းအလဲ လုပ်ဆောင်ဖို့ထက် ပီအက်စ်ဂျီအသင်းမှာပဲ ဆက်လက် ရှိနေချင်တယ်လို့ ပြင်သစ် သတင်းမီဒီယာ L’Equipe ကနေ ဖော်ပြလာခဲ့ပါတယ်။

Neymar (left) is keen on staying at PSG, even if his close friend Lionel Messi (right) leaves

Photo Credit : Daily Mail

နေမာအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ အဆင်မပြေမှုတွေ ရှိနေပေမဲ့ သူနဲ့ ဘာစီလိုနာမှာရော ပီအက်စ်ဂျီမှာပါ အသင်းဖော်တွေ ဖြစ်နေတဲ့ မက်ဆီနဲ့ကတော့ ဆက်ဆံရေးကောင်းတွေ ရှိနေပြီး ညီအစ်ကိုတို့လို ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးပါ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ L’Equipe ရဲ့ ဖော်ပြချက်အရတော့ တကယ်လို့ မက်ဆီက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း မတိုးမြှင့်တော့ပဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားဖြစ်မယ်ဆိုရင်တောင် နေမာကတော့ ပီအက်စ်ဂျီမှာပဲ ဆက်လက် ရှိနေလိမ့်မယ်လို့ သိရပါတယ်။

Neymar left the field in tears as he was taken off on a stretcher in the thrilling 4-3 win over Lille

Photo Credit : Daily Mail

နေမာဟာ ဒီနှစ် ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီအသင်းအတွက် (၁၈)ဂိုးသွင်းယူပြီး (၁၇)ဂိုး ဖန်တီးပေးထားနိုင်ခဲ့တဲ့အထိ စွမ်းဆောင်ပြထားနိုင်ပေမဲ့ အသင်းရဲ့အမာခံ ပရိသတ်များနဲ့ အဆင်မပြေ ဖြစ်နေမှုက ပိုုမို ဆိုးရွှားလာခဲ့ရကာ အသင်းပရိသတ်တွေက နေမာကို လှောင်ပြောင်ကြတဲ့အထိ ဖြစ်နေတာမို့ ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် ပီအက်စ်ဂျီက သူတို့ ကစားသမားကို ရှင်းထုတ်ချင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နေမာဟာ လိုင်လီနဲ့ပွဲမှာ ရရှိထားခဲ့တဲ့ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘယ်လောက်အထိ အနားယူရမလဲ အတိအကျ မသိရသေးပဲ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကိုတော့ လွဲချော်ရဖွယ် ရှိနေရပါတယ်။